Africa & Middle East
ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ တွင် ရထားတွဲများ မီးလောင်မှု ဖြစ်ပွား သဖြင့် လူပေါင်း ၃၄ ဦး သေဆုံး
ဘရာဇဗီလီ ၊ နိုဝင်ဘာ ၁၃ ရက် (ဆင်ဟွာ)
ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံ တောင်ပိုင်း Lualaba ပြည်နယ် တွင် နိုဝင်ဘာ ၁၂ ရက်နေ့၌ ရထားတွဲများ မီးလောင်မှု ဖြစ်ပွားခဲ့ရာ လက်ရှိချိန်ထိ လူပေါင်း ၃၄ ဦး သေဆုံး ခဲ့ပြီး ၂၆ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း သတင်းမီဒီယာ များ၏ ဖော်ပြချက် အရ သိရှိရသည်။
သတင်းဖော်ပြချက်များအရ မီလောင်မှု ဖြစ်ပွား ခဲ့သည့် ရထား သည် ကွန်ဂို ဒီမိုကရက်တစ် သမ္မတ နိုင်ငံပိုင် ရထားလမ်း ကုမ္ပဏီ မှ ရထား တစ်စင်း ဖြစ်ပြီး တွဲပေါင်း ၁၃ တွဲ ပါရှိသည့် ရထား တစ်စင်းဖြစ်ကာ စုစုပေါင်း ရထား တွဲ ၁၁ တွဲ မီးလောင်မှု ဖြစ်ပွား ခဲ့ကြောင်း သိရှိရသည်။
Lualaba ပြည်နယ် အစိုးရ အရာရှိ တစ်ဦး က မီးလောင်မှု ဖြစ်ပွား ခဲ့သည့် ရထား တွဲများသည် ကုန်ပစ္စည်း နှင့် ခရီးသည် များကို ရောနှောသယ်ဆောင်ထားသော ရထားတွဲများ ဖြစ်ကြောင်း ၊ ရထားတွဲများတွင် လောင်ကျွမ်းစေ နိုင်သည့် ကုန်ပစ္စည်းများ ပါရှိသဖြင့် အခင်းဖြစ်ပွား ချိန်တွင် မီးအရှိန် လွန်စွာ ပြင်းထန်ခဲ့ကြောင်း ၊ ဒဏ်ရာရရှိမှု အခြေအနေ မှာ ပြင်းထန် သဖြင့် သေဆုံးသူ စာရင်းမှာ ပိုမို မြင့်တက် လာနိုင်ကြောင့် ပြောကြား ခဲ့သည်။
လက်ရှိချိန်ထိ ရထားတွဲ မီးလောင်မှု ဖြစ်ပွား ရသည့် အကြောင်းရင်း နှင့် ပတ်သက်၍ မသိရှိရသေးဘဲ အစိုးရ မှ ရထားလမ်း ကုမ္ပဏီ တာဝန်ရှိသူများအား အခင်းဖြစ်ပွားရာ နေရာသို့ စေလွှတ်ကာ စုံစမ်းစစ်ဆေးမှု များဆောင်ရွက်စေခဲ့ကြောင်း သိရှိခဲ့ရသည်။(Xinhua)