Connect with us

Africa & Middle East

အင်အားပြင်းငလျင်ကြောင့် အီရန်နိုင်ငံသား သေဆုံးမှု ၄၄၅ဦးအထိ ကြောက်မက်ဖွယ်မြင့်တက်လာ

အီရန်-အီရတ် နယ်စပ်ဧရိယာတွင် လှုပ်ခတ်ခဲ့သည့် ငလျင်ပြင်းကြောင့် အဆောက်အအုံများပျက်စီးခဲ့စဉ် (ဆင်ဟွာ)

တီဟီရန်၊ နိုဝင်ဘာ ၁၄ ရက် (ဆင်ဟွာ)

အီရန်-အီရတ် နယ်စပ်ဧရိယာတွင် နိုဝင်ဘာ ၁၂ရက်က အင်အားအလွန်ပြင်းထန်သည့် ငလျင်တစ်ခု လှုပ်ခတ်ခဲ့သည့်အတွက် အီရန်နိုင်ငံသား သေဆုံးမှုသည် ၄၄၅ဦးအထိ ကြောက်မက်ဖွယ်မြင့်တက်လာခဲ့ပြီး လူအများအပြား အပျက်အစီးများအောက်တွင် ပိတ်မိနေဆဲဖြစ်ကြောင်း ပြည်တွင်းမီဒီယာက နိုဝင်ဘာ ၁၃ ရက်တွင်ဖော်ပြခဲ့သည်။

အင်အား ၇.၃ရှိသည့် ယင်းငလျင်ပြင်းကြောင့် အနည်းဆုံး လူ ၄၄၅ဦးသေဆုံးခဲ့ပြီး အခြားလူ ၇,၁၅၆ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်း၌ပါရှိသည်။

အဆိုပါ ငလျင်သည် အီရန်နိုင်ငံ တီဟီရန်မြို့ အနောက်ဘက် ၄၀၀ကီလိုမီတာအကွာ၊ အီရတ်နိုင်ငံ ဘဂ္ဂဒက်မြို့ အရှေ့မြောက်ဘက် ၂၀၀ကီလိုမီတာခန့်အကွာ နိုင်ငံအစွန်အဖျားရှိ တောင်ထူထပ်သောဒေသ၏ Halabja မြို့ တောင်ဘက် ၃၂ကီလိုမီတာ အကွာခန့်ကို ဗဟိုပြု၍ လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း အမေရိကန်နိုင်ငံ ဘူမိဗေဒတိုင်းတာရေးအဖွဲ့ (USGS) ကပြောကြားခဲ့သည်။

ငလျင်သည် လူအများနေအိမ်၌ ရှိနေချိန် ဖြစ်သော ဒေသစံတော်ချိန် ည ၉း၁၈နာရီတွင် လှုပ်ခတ်ခဲ့ခြင်းဖြစ်ကြောင်း USGS ကပြောကြားခဲ့သည်။

ငလျင်ကြောင့် မြို့တော် တီဟီရန်မြို့အပါအဝင် အီရန်နိုင်ငံရှိ ပြည်နယ် ၁၄ခုထက်မနည်းတွင် ထိခိုက်ပျက်စီးမှုဖြစ်ပွားခဲ့သည်။ အဆိုးရွားဆုံးထိခိုက်ပျက်စီးခဲ့သည့် နေရာများမှာ နယ်စပ်မှ ၂၀ကီလိုမီတာခန့်အကွာ Kermanshah ပြည်နယ် ရှိ Qasr-e Shirin နှင့် Sarpol-e Zahab စီရင်စု များဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.