Connect with us

Africa & Middle East

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်းရှိ ဒုက္ခသည်စခန်းတွင် မီးလောင်မှုကြောင့် လူ ၁၁ ဦးသေဆုံး၊ ၅၃ ဦး ဒဏ်ရာရ

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း၊ Nuseirat ဒုက္ခသည်စခန်းရှိ ဈေးအတွင်း မီးလောင်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာ၊ မတ် ၆ ရက် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသအလယ်ပိုင်း၊ Nuseirat ဒုက္ခသည်စခန်းရှိ ပေါင်မုန့်ဆိုင်တစ်ခုတွင် မတ် ၅ ရက်က မီးလောင်မှုကြီးဖြစ်ပွားခဲ့ရာ အနည်းဆုံး ပါလက်စတိုင်းပြည်သူ ၁၁ ဦးသေဆုံးပြီး ၅၃ ဦး ဒဏ်ရာရရှိခဲ့ကြောင်း ဒေသတွင်း ကျန်းမာရေးဝန်ကြီးဌာနက ပြောကြားခဲ့သည်။

သေဆုံးသူများတွင် အမျိုးသမီး လေးဦးပါဝင်ပြီး ဒဏ်ရာရသူများအနက် ၁၄ ဦးမှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိကြောင်း ဝန်ကြီးဌာန၏ ထုတ်ပြန်ချက်တွင် ဖော်ပြထားသည်။

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း၊ Nuseirat ဒုက္ခသည်စခန်းရှိ ဈေးအတွင်း မီးလောင်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း၊ Nuseirat ဒုက္ခသည်စခန်းရှိ ဈေးအတွင်း မီးလောင်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ဂါဇာကမ်းမြောင်ဒေသ အလယ်ပိုင်း၊ Nuseirat ဒုက္ခသည်စခန်းရှိ ဈေးအတွင်း မီးလောင်မှုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ဒုက္ခသည်စခန်းမှ ပေါင်မုန့်ဆိုင်အတွင်းရှိ ဓာတ်ငွေ့အိုးများ ပေါက်ကွဲမှုကြောင့် မီးလောင်ရခြင်းဖြစ်ကြောင်း ဟာမတ်စ် ပြည်သူ့ကာကွယ်ရေးတပ်ဖွဲ့ထံမှ သိရသည်။

အဆိုပါ မီးလောင်မှုကြောင့် လူနေထူထပ်သည့် ဒုက္ခသည်စခန်းရှိ နေအိမ်များစွာ၊ ကားများနှင့် စတိုးဆိုင် ၂၀ ကျော် ဆိုးရွားစွာ ပျက်စီးသွားခဲ့သည်။ 

အခင်းဖြစ်ပွားရာ၌ မီးသတ်သမားများက မီးလောင်မှုကို ခက်ခက်ခဲခဲ ငြှိမ်းသတ်ခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

မီးလောင်မှုနှင့်ပတ်သက်၍ ရဲတပ်ဖွဲ့က စုံစမ်းစစ်ဆေးနေဆဲဖြစ်ကြောင်း သိရသည်။  (Xinhua)