Connect with us

Africa & Middle East

 အမေရိကန် နိုင်ငံ ၏ ရန်စမှု အပေါ် ပြင်းထန်စွာ လက်တုံ့ပြန်သွားမည် ဖြစ်ကြောင်း အီရန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောကြား

အီရန် နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် အလီခါမေနီ (Ali Khamenei)အား မြင်တွေ့ရစဉ်(ဆင်ဟွာ)

တီဟီရန် ၊ ဧပြီ ၃၀ ရက်(ဆင်ဟွာ)

အီရန် နိုင်ငံ စစ်ဘက်ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူတစ်ဦးက အမေရိကန် နိုင်ငံ သင်္ဘောများသည် အီရန် နိုင်ငံ ရေပိုင်နက် အတွင်း ဝင်ရောက်လာပါက ပြင်းထန်စွာ တုံ့ပြန်သွားမည် ဖြစ်ကြောင်း ၊ လတ်တလောရက်ပိုင်း အတွင်း အမေရိကန် နိုင်ငံ သမ္မတ ၏ အီရန် နိုင်ငံ အပေါ် ခြိမ်းခြောက်မှုများ သည် ရွေးကောက်ပွဲ အတွက် လူထု အာရုံစိုက်မှု ရရှိရန် ဆောင်ရွက်မှုများသာ ဖြစ်ကြောင်း ဧပြီ ၂၉ ရက် ၌ ပြောကြား ခဲ့သည်။

၎င်းပြောရေးဆိုခွင့်ရှိသူ က အမေရိကန် ၏ ဆောင်ရွက်မှုများ သည် ပါရှန်း ပင်လယ်ကွေ့ မတည်ငြိမ်မှုများ ဖြစ်ပွားစေခဲ့ပြီး အမေရိကန် နိုင်ငံ မှ အီရန် နိုင်ငံ ရေပိုင်နက် အတွင်း ဝင်ရောက်ခြင်း သို့မဟုတ် အီရန် နိုင်ငံ ပြည်သူလူထု ၏ အကျိုးစီးပွားအား ထိခိုက်စေသည့် ဆောင်ရွက်မှုမျိုး ပြုလုပ်ပါက အီရန် နိုင်ငံ အနေဖြင့် ပိုမို ပြင်းထန်သည့် လက်တုံ့ပြန်မှုများ ဆောင်ရွက်သွားမည် ကိုလည်း အမေရိကန် ကိုယ်တိုင် သိရှိပြီးသား ဖြစ်ကြောင်း ပြောကြား ခဲ့သည်။

အီရန် နိုင်ငံ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ ရေတပ် တပ်မှူး တန်ကာစီးရီး က ဧပြီ ၂၉ ရက် ၌ အီရန် နိုင်ငံ အမြင့်ဆုံးခေါင်းဆောင် ၏ ညွှန်ကြားချက်အရ အီရန် နိုင်ငံ အနေဖြင့် ပါရှန်း ပင်လယ်ကွေ့ ရှိ ကျွန်းများတွင် အခြေခံအဆောက်အဦး တည်ဆောက်မှု ကို တိုးချဲ့ဆောင်ရွက်သွားပြီး ဒေသတွင်း လုံခြုံမှု ပိုမိုခိုင်မာအောင် ဆောင်ရွက်သွားမည် ဖြစ်ကြောင်း ၊ ဒေသတွင်း မလုံခြုံမှု ဖြစ်ရသည့် အဓိက အကြောင်းအရင်း မှာ နိုင်ငံခြား တပ်ဖွဲ့များ နေရာချထားမှု ကြောင့် ဖြစ်ကြောင်း ၊ အီရန် နိုင်ငံ အနေဖြင့် ကာလတစ်လျှောက် ဒေသတွင်း နိုင်ငံများအား ငြိမ်းချမ်းရေး အချက်ပြမှုများ ပေးပို့ခဲ့ပြီး ဒေသတွင်း နိုင်ငံ ၏ ပူးပေါင်းဆောင်ရွက်မှုဖြင့် ပါရှန်း ပင်လယ်ကွေ့ လုံခြုံရေး ကို ထိန်းသိမ်းနိုင်မည် ကို ယုံကြည်ကြောင်း ပြောကြား ခဲ့သည်။

အမေရိကန် ကာကွယ်ရေးဝန်ကြီးဌာန က ဧပြီလ ၁၅ ရက် တွင် အမေရိကန် သင်္ဘောများ နှင့် ရဟတ်ယဉ် များက နိုင်ငံတကာ ရေပိုင်နက်တွင် စစ်ဆင်ရေး ဆောင်ရွက်စဉ် အီရန် နိုင်ငံ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ မှ စစ်သင်္ဘောများ က အမေရိကန် နိုင်ငံ သင်္ဘော များအား အန္တရာယ် ဖြစ်စေသော ရန်စသည့် ဆောင်ရွက်မှုများ ပြုလုပ်ခဲ့သည်ဟု ပြောကြားခဲ့သည်။ အီရန် နိုင်ငံ အစ္စလာမ္မစ် တော်လှန်ရေး အစောင့်တပ်ဖွဲ့ က ဧပြီ ၁၉ ရက် တွင် အမေရိကန် နိုင်ငံ က ဒေသတွင်း လုံခြုံရေး အတွက် အန္တရာယ် အသစ် ဖြစ်စေခဲ့သဖြင့် တော်လှန်ရေး တပ်ဖွဲ့ အနေဖြင့် ပါရှန်းပင်လယ်ကွေ့ တွင် ကင်းလှည်မှု ကို တိုးချဲ့ဆောင်ရွက်သွားပြီး အမေရိကန် နိုင်ငံ ရေတပ် ၏ ပရောဖယ်ရှင်နယ် မကျသည့် အန္တရာယ်များသော ဆောင်ရွက်မှုများကို ဟန့်တား သွားမည် ဖြစ်ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။ အမေရိကန် နိုင်ငံ သမ္မတ ဒေါ်နယ်ထရမ့် က ဧပြီ ၂၂ ရက် ၌ အမေရိကန် နိုင်ငံ ရေတပ် အား နှောက်ယှက်သည့် အီရန် နိုင်ငံ စစ်သင်္ဘောများ အား ဖျက်ဆီးပြစ်ရန် အမိန့်ထုတ်ပြန် ခဲ့ကြောင်း သိရှိရသည်။  (Xinhua)