Africa & Middle East
ဂါဇာတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆေးရုံ ၇ ရုံ ပိတ်ထားရ
ဂါဇာ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ရှိ ဆေးရုံ ၇ ရုံတွင် လျှပ်စစ်မီးပြတ်တောက်မှုကြောင့် ဆေးရုံဝန်ဆောင်မှုလုပ်ငန်းများ ယာယီရပ်ဆိုင်းခဲ့ရကြောင်း ပါလက်စတိုင်းနယ်မြေရှိ ကျန်းမာရေးအာဏာပိုင်များက ဇန်နဝါရီလ ၃၁ ရက်တွင် ပြောကြားလိုက်သည်။
ယခုလို ဖြစ်ရပ်မျိုးမှာ မကြုံဖူးသည့် ကိစ္စဖြစ်ကြောင်းနှင့် အရေးပေါ်အကူအညီများ အလျင်အမြန်ပေးလှူရန် ဂါဇာကမ်းမြောင် ကျန်းမာရေးဝန်ကြီးဋ္ဌာန ပဋိပက္ခစီမံခန့်ခွဲမှုကော်မတီက တောင်းဆိုလိုက်သည်။
ထို့ပြင် လျှပ်စစ်မီးပြတ်တောက်မှုကြောင်း ကျန်းမာရေးစင်တာများ ရပ်တန့်သွားနိုင်ကြောင်း ဇန်နဝါရီလ ၃၁ ရက်တွင် ဝန်ကြီးဋ္ဌာနက သတိပေးထားသည်။
ဂါဇာကမ်းမြောင်ဒေသရှိ AL Durra ဆေးရုံမြင်ကွင်းအား တွေ့ရစဉ် (ဆင်ဟွာ)
ဂါဇာကမ်းမြောင်ဒေသရှိ ဆေးရုံများတွင် ၈ နာရီမှ ၁၂ နာရီအထိ လျှပ်စစ်ဓာတ်အားရရှိရန် နေ့စဉ် လောင်စာဆီ ၄၅၀,၀၀၀ လီတာ ပုံမှန်လိုအပ်မှုရှိကြောင်း၊ သို့သော် အချို့နယ်မြေများ၌ လျှပ်စစ်ဓာတ်အား နာရီ ၂၀ ပေးနိုင်ရန်အတွက် လောင်စာဆီ နှစ်ဆ လိုအပ်ချက်ရှိမည် ဖြစ်ကြောင်း သိရသည်။
ဒီဇယ် အသုံးပြုကာ လျှပ်စစ်ဓာတ်အား လည်ပတ်မည်ဆိုပါက တစ်နာရီလျှင် အမေရိကန်ဒေါ်လာ ၂၀၀၀ လိုအပ်မည် ဖြစ်ကြောင်း ဝန်ကြီးဋ္ဌာနက ပြောသည်။
လက်ရှိတွင် အစ္စရေးက ဂါဇာအတွက် လျှပ်စစ်မီး ၁၂၀ မဂ္ဂါဝပ် ထောက်ပံ့ခဲ့ပြီး အီဂျစ်က ၃၂ မဂ္ဂါဝပ် ထောက်ပံ့ပေးလျက်ရှိကြောင်း သိရသည်။ (Xinhua)