Connect with us

Africa & Middle East

အမေရိကန်က ဟားမတ်ခေါင်းဆောင်အား အကြမ်းဖက်သမား အဖြစ် စာရင်းသွင်းခြင်းအပေါ် ဟားမတ်တို့ ပြစ်တင်ဝေဖန်

အမေရိကန်နိုင်ငံ က အကြမ်းဖက်သမားအဖြစ် စာရင်းသွင်းခဲ့သည့် ဟားမတ်အဖွဲ့ခေါင်းဆောင် Ismail Haneya အားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

ဂါဇာ၊ ဖေဖော်ဝါရီ ၁ ရက် (ဆင်ဟွာ)

ဟားမတ်အဖွဲ့ခေါင်းဆောင် Ismail Haneya အား ကမ္ဘာ့အကြမ်းဖက်သမားများ စာရင်း ၌ ထည့်သွင်းရန် အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်ကို အစ္စလာမ်မစ်ဟားမတ်အဖွဲ့က ဇန်နဝါရီ ၃၁ရက်တွင် ပြစ်တင်ဝေဖန် ခဲ့ကြောင်း သိရသည်။

ဟားမတ်ခေါင်းဆောင်များ က အမေရိကန်နိုင်ငံ၏ ဆုံးဖြတ်ချက်သည် အဓိပ္ပါယ်မရှိကြောင်း သတ်မှတ်ခဲ့ပြီး ပါလက်စတိုင်းပြည်သူများသည် အမေရိကန်များထံမှ လူရည်မွန်လက်မှတ်ရရှိရန် စောင့်ဆိုင်းနေသူများမဟုတ်ကြောင်း ပြောကြားခဲ့သည်။

ဟားမတ်ပြောရေးဆိုခွင့်ရှိသူ Gaza Hazem Qasem က Ismail Haneya အား ကမ္ဘာ့အကြမ်းဖက်သမားများ စာရင်း ၌ ထည့်သွင်းခြင်းသည် ပါလက်စတိုင်းလက်နက်ကိုင်တပ်ဖွဲ့အပေါ် ဖိအားပေးရန် ကြိုးပမ်းခြင်းဖြစ်သော်လည်း အောင်မြင်မှုမရှိကြောင်း အီးမေးလ်ထုတ်ပြန်ချက်၌ ပြောကြားခဲ့သည်။

အမေရိကန်တို့၏ ဆုံးဖြတ်ချက်သည် ဟားမတ်တို့၏ ရည်မှန်းချက်ပန်းတိုင်ကို လုံးဝချိုးဖျက်နိုင်မည်မဟုတ်ဘဲ အစ္စရေးနိုင်ငံ၏ နေရာယူမှုကို ဖယ်ရှားရှင်းလင်းနိုင်သည်အထိ လုပ်ဆောင်သွားမည်ဖြစ်ကြောင်း Qassem ကပြောကြားခဲ့သည်။

တစ်ချိန်တည်းမှာပင် ဟားမတ်အဖွဲ့ဝင်တစ်ဦးဖြစ်သူ Husam Badran က သမ္မတဒေါ်နယ်ထရမ့်က ဂျေရုဆလင်မြို့ အား အစ္စရေးမြို့တော်အဖြစ် ၂၀၁၇ခုနှစ် ဒီဇင်ဘာတွင် ကြေညာခဲ့ပြီးနောက် ယခုဆုံးဖြတ်ချက်သည် အံ့သြဖွယ် (သို့) ထူးခြားဖြစ်စဉ် တစ်ခုမဟုတ်တော့ကြောင်းပြောကြားခဲ့သည်။

အမေရိကန်နိုင်ငံသည် နိုင်ငံခြားရေးဝန်ကြီးဋ္ဌာန နှင့် ဘဏ္ဍာရေးဝန်ကြီးဋ္ဌာနတို့၏ ဆုံးဖြတ်ချက်အရ ဇန်နဝါရီ ၃၁ရက်တွင် Haneyaအား အကြမ်းဖက်သမားအဖြစ် စာရင်းသွင်းခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.