Africa & Middle East
ဂါဇာ ရှိ ကုလသမဂ္ဂရုံး၌ ဖမ်းဆီးထားသော အီတလီ ၃ဦးကို ဟားမတ်စ်တို့ ပြန်လည်လွတ်ပေး

ဂါဇာ၊ ဇန်နဝါရီ ၁၆ ရက် (ဆင်ဟွာ)
အီတလီသံရုံးအတွက် တာဝန်ထမ်းဆောင်နေသော အီတလီလူမျိုး ၃ဦးကို ဂါဇာ ရှိ ကုလသမဂ္ဂရုံးတစ်ခု တွင် ဟားမတ်စ်တို့က ဖမ်းဆီးထိန်းသိမ်းထားပြီး ၂ရက်အကြာတွင် ပြန်လွှတ်ပေးခဲ့ကြောင်း ပြည်တွင်းသတင်း၌ ဖော်ပြခဲ့သည်။
ဖမ်းဆီးခံရသော အီတလီလူမျိုးများသည် အစ္စရေးနိုင်ငံဆိုင်ရာ အီတလီသံအမတ်ကြီး Gianluigi Benedetti၏ အလည်အပတ်လာရောက်မှုအား လုံခြုံရေးတာဝန်ယူမည့် လုံခြုံရေးအစောင့်များဖြစ်ပြီး ဇန်နဝါရီ ၁၅ရက်တွင် ဂါဇာဒေသသို့ ရောက်ရှိလာခဲ့ကြောင်း သိရသည်။
သတင်းဖော်ပြချက်အရ ဟားမတ်စ် လုံခြုံရေးတပ်ဖွဲ့ဝင်များသည် ဇန်နဝါရီ ၁၅ရက် နေ့လည်ပိုင်းတွင် သံတမန် နံပါတ်ပြား တပ်ဆင်ထားသော သံချပ်ကာယာဉ်တစ်စီးနောက်သို့ လိုက်၍ သေနတ်ဖြင့် ပစ်ခတ်ခဲ့သော်လည်း ယင်းယာဉ်သည် ဂါဇာအနောက်ပိုင်း ရှိ ကုလသမဂ္ဂရုံးတစ်ခုအတွင်းသို့ ဝင်ရောက်လွတ်မြောက်သွားခဲ့ကြောင်း သိရသည်။
ဟားမတ်စ် နှင့် အခြားလက်နက်ကိုင်တပ်ဖွဲ့များသည် ကုလသမဂ္ဂရုံးအား ဝိုင်းထားခဲ့ပြီး အော်တိုမက်တစ်ရိုင်ဖယ်များ ကိုင်ဆောင်ထားသော အီတလီလူမျိုး ၃ဦး၏ ကိုယ်ရေးရာဇဝင်ကို စစ်ဆေးရန် အလိုရှိခဲ့ကြောင်း အဘယ်ကြောင့်ဆိုသော် ၎င်းတို့၏ အစ္စရေးစစ်တပ်၏ လျှို့ဝှက်ထောက်လှမ်းရေးအဖွဲ့ဝင်များဖြစ်နေမည်ကို စိုးရမ်၍ဖြစ်ကြောင်း သတင်းရင်းမြစ်များအရ သိရသည်။
အီတလီနိုင်ငံ သံအမတ်ကြီးသည် ဟားမတ်စ်ပေါလစ်ဗျူရိုအကြီးအကဲ Ismail Haniyeh နှင့် တွေ့ဆုံဆွေးနွေးခဲ့ပြီးနောက် ဟားမတ်လုံခြုံရေးအရာရှိများက အီတလီလူမျိုးများ၏ ကိုယ်ရေးရာဇဝင်များကိုစစ်ဆေး၍ ပြန်လည်လွှတ်ပေးခဲ့ကြောင်း သတင်းများ၌ဖော်ပြခဲ့သည်။ (Xinhua)