Connect with us

Africa & Middle East

ဒေသတွင်းကိစ္စရပ်များတွင် အမေရိကန်က ဝင်ရောက်စွက်ဖက်နေကြောင်း လက်ဘနွန်နိုင်ငံရှိ အီရန်သံရုံးပြော

လက်ဘနွန်နိုင်ငံဆိုင်ရာ အီရန်သံအမတ်ကြီး Jalal Firouznia အားတွေ့ ရစဉ်(ဓာတ်ပုံ-အင်တာနက်)

ဘေရွတ် ၊ ဇန်နဝါရီ ၁၆ ရက်(ဆင်ဟွာ)

အမေရိကန်နိုင်ငံသည် လက်ဘနွန်နိုင်ငံ နှင့် ဒေသတွင်း အရေးကိစ္စရပ်များတွင် ဝင်ရောက်စွက်ဖက်မှုများပြုလုပ်နေကြောင်း လက်ဘနွန်နိုင်ငံရှိ အီရန်သံရုံးက ဇန်နဝါရီ ၁၅ ရက်တွင် ပြောကြားခဲ့သည်ဟု လက်ဘနွန်နိုင်ငံပိုင်သတင်းဌာနကဆိုသည်။

“ အမေရိကန်နိုင်ငံရဲ့ နိုင်ငံရေးရာ ဒုတိယနိုင်ငံခြားရေးဝန်ကြီး ဒေးဗစ်ဟေးလ်(David Hale)ဟာ အခြားနိုင်ငံတွေရဲ့ အရေးကိစ္စရပ်တွေမှာ တိုက်ရိုက် ဝင်ရောက်စွက်ဖက်မှုတွေ လုပ်နေတယ် ” ဟု လက်ဘနွန်နိုင်ငံသို့ဒေးဗစ်ဟေးလ်လာရောက်လည်ပတ်ခဲ့ပြီးနောက်ထုတ်ပြန်သော အီရန်သံရုံး၏ ကြေညာချက်တစ်စောင်တွင် ဖော်ပြထားသည်။

လက်ဘနွန်အစိုးရအရာရှိများနှင့်တွေ့ဆုံခဲ့ပြီးနောက်တွင် ဟေးလ်က လက်ဘနွန်နိုင်ငံ၌ ဟစ်ဇဘိုလာ(Hezbollah) ၏ ငွေးရေးကြေးရေးကိစ္စရပ်များအပါအဝင် ဒေသတွင်း၌ အီရန်နိုင်ငံ၏ ခြိမ်းခြောက်မှုအန္တရာယ်များကို တန်ပြန်လှုပ်ရှားမှုတစ်ခုနှင့်အတူ အမေရိကန်နိုင်ငံဆက်လက်လုပ်ဆောင်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

လက်ဘနွန်နိုင်ငံသည် ၎င်း၏ ဥပဒေအဖွဲ့အစည်းများနှင့် မိမိနိုင်ငံကို ကာကွယ်ခွင့်ရှိကြောင်း ဟေးလ်ကဆိုသည်။ “ အစိုးရထိန်းချုပ်မှုအပြင်ဘက်ကနေ ပြည်သူ့စစ်ပုံစံလှုပ်ရှားမှုတစ်ခုကို လက်ခံနိုင်စရာမရှိပါဘူး” ဟု ၎င်းက ဟစ်ဇဘိုလာအား တိုက်ခိုက်ပြောဆိုခဲ့သည်။

တစ်ချိန်တည်းမှာပင် လက်ဘနွန်နိုင်ငံရှိ အီရန်သံအမတ်ကြီးဂျာလာဖီရွတ်နီယာ(Jalal Firouznia) သည် လက်ဘနွန်ဝန်ကြီးချုပ် ဆတ်ဟာရီရီ(Saad Hariri) နှင့် ဇန်နဝါရီ ၁၅ ရက်က တွေ့ဆုံစဉ် ဒေသတွင်း၌ အမေရိကန်နိုင်ငံ၏ အခန်းကဏ္ဍအပေါ် ပြစ်တင်ဝေဖန်မှုပြုလုပ်ခဲ့သည်။

“ အမေရိကန်ဟာ ဒီဒေသတွင်း နဲ့ပြည်သူတွေကို ဂရုစိုက်ကြောင်းပြောပြီး သူ့နိုင်ငံရဲ့ အခန်းကဏ္ဍကို မြှင့်တင်ဖို့လုပ်ချင်နေတာပါ။ အဲဒါက အစ္စရေးရဲ့ နေ့စဉ်နေ့တိုင်းအကြမ်းဖက်ကျူးလွန်နေတာတွေကို အမေရိကန်က ထောက်ခံနေတဲ့အချက်ဟာ မှန်ကန်တဲ့လုပ်ရပ် မဟုတ်ဘူးဆိုတာ သိပ်ကို ထင်ရှားပါတယ်” ဟု ဖီရွတ်နီယာက ဆိုသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.