Africa & Middle East
ဂွါတီမာလာနိုင်ငံ အကျဉ်းထောင်တစ်ခုတွင် အဓိကရုဏ်းဖြစ်ပွားမှု ကြောင့် လူ ၇ ဦး သေဆုံး
ဂွါတီမာလာ ၊ အောက်တိုဘာ ၁ ရက်(ဆင်ဟွာ)
ဂွါတီမာလာနိုင်ငံ မြို့တော် ဂွါတီမာလာမြို့အနီးရှိ အကျဉ်းထောင်တစ်ခုတွင် စက်တင်ဘာလ ၃၀ ရက် က အဓိကရုဏ်းဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၇ ဦး သေဆုံး ခဲ့ကြောင်း သိရသည်။
အဓိကရုဏ်းဖြစ်ပွားသည့် နေရာမှာ အကျဉ်းထောင်သီးသန့်နေရာတွင် ဖြစ်ပြီး အကျဉ်းသားချင်း ရန်ဖြစ် ထိုးကြိတ်ရာမှစတင်ဖြစ်ပွားခြင်းဖြစ်ကြောင်း ၊ အဓိကရုဏ်းဖြစ်ပွားမှုတွင် ထောင်စောင့် ရဲဝန်ထမ်း သေဆုံးဒဏ်ရာရမှု မရှိကြောင်း ဖေဘုံချီဒါ အကျဉ်းထောင်၏ ပြောရေးဆိုခွင့်ရှိသူက မီဒီယာများကို ပြောကြားခဲ့သည်။
ဖေဘုံချီဒါ အကျဉ်းထောင်သည် ဂွါတီမာလာမြို့မှ ၂၀ ကီလိုမီတာ အကွာရှိ Fraijanes မြို့တွင် တည်ရှိ ပြီး ၂၀၁၃ ခုနှစ် ဇူလိုင်လကလည်း အဆိုပါအကျဉ်းထောင်တွင် ထောင်အဓိကရုဏ်း ဖြစ်ပွားခဲ့ရာ အကျဉ်းသား အနည်းဆုံး ၁၂ ဦး သေဆုံးခဲ့ကြောင်း သိရသည်။ (Xinhua)