Connect with us

Africa & Middle East

အီရန်တွင် အဆိပ်သင့်အရက်များ သောက်သုံးမိ၍ သေဆုံးသူ ၂၇ဦးရှိလာ

ရဲတပ်ဖွဲ့က ဖမ်းဆီးသိမ်းဆည်းထားသည့် အရက်များကိုတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ အောက်တိုဘာ ၁ ရက် (ဆင်ဟွာ)

အီရန်နိုင်ငံတွင် လွန်ခဲ့သည့် ၃ရက်အတွင်း အဆိပ်သင့်အရက်များ သောက်သုံးမိ၍ အနည်းဆုံး လူ ၂၇ ဦးသေဆုံးခဲ့ကြောင်း အီရန်နိုင်ငံ အရေးပေါ်ဝန်ကြီးဌာနက စက်တင်ဘာ ၃၀ ရက်တွင်ဖော်ပြခဲ့သည်။

ဝန်ကြီးဌာန ပြောရေးဆိုခွင့်ရှိသူ Mojtaba Khaledi က နိုင်ငံတောင်ပိုင်း Hormuzgan ပြည်နယ်မှ ၁၆ဦး၊ အလယ်ပိုင်း Alborz ပြည်နယ် မှ ၄ဦး၊ အီရန် အရှေ့မြောက်ပိုင်း ရှိ မြောက်ပိုင်း Khorasan ပြည်နယ် မှ ၄ဦး၊ အနောက်ပိုင်း Kohgiluyeh နှင့် Boyer-Ahmad ပြည်နယ်များမှ ၃ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် IRNA သတင်းဌာနသို့ပြောကြားခဲ့သည်။

Khaledi က အဆိပ်သင့်အရက်များသောက်သုံးမိသည့် အခြားလူ ၂၇၅ဦးကိုလည်း ဆေးရုံသို့ ပို့ဆောင်ပေးထားကြောင်း ပြောကြားခဲ့သည်။

ပြည်သူများအနေဖြင့် အရက်သောက်သုံးပြီးနောက် ပျို့အန်ခြင်း၊ ခေါင်းကိုက်ခြင်း နှင့် အမြင်၂ထပ်ဖြစ်ခြင်းများ ဖြစ်ပေါ်လာပါက ဆေးကုသရေးစင်တာများသို့ အမြန်ဆုံး သွားရောက်ပြသရန် ၎င်းက တိုက်တွန်းခဲ့သည်။

အီရန်နိုင်ငံတွင် အရက်သောက်သုံးခြင်းအား တားမြစ်ထားပြီး ချိုးဖောက်ပါက ကြိမ်ဒဏ် (သို့) ဒဏ်ငွေချမှတ်ကြောင်း သိရသည်။ သို့သော် အချို့သောအီရန်နိုင်ငံသားများသည် ဈေးနှုန်းသက်သာစွာရရှိသော အိမ်ချက်အရက်များကို သောက်သုံးလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.