Connect with us

Africa & Middle East

စစ်ဒဏ်ပိနေသည့် အလက်ပိုတွင် ပိတ်မိနေသော ကလေးငယ် တစ်သိန်းကျော်အတွက် အရေးပေါ် ကူညီဆောင်ရွက်မှု လုပ်ဆောင်ရန် ယူနီဆက် တိုက်တွန်း

ဆေးကုသမှုခံယူရန် လူနာတင်ကားပေါ်တွင် ထိုင်နေသည့် အသက် ငါးနှစ်အရွယ် အိုမရာ ဒတ်နိရှ်အား တွေ့ရစဉ် (ဓာတ်ပုံ- အင်တာနက်)

ကုလသမဂ္ဂ၊ သြဂုတ် ၂၀ ရက် (ဆင်ဟွာ)

စစ်ပွဲများ ကာလရှည် ဖြစ်ပွားနေသည့် ဆီးရီးယားနိုင်ငံ အလက်ပိုမြို့တွင် ပိတ်မိနေသည့် ကလေးငယ် ၁၀၀,၀၀၀ ကျော်ကို အရေးပေါ် ကူညီဆောင်ရွက်မှု ပြုလုပ်ရန် ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ (UNICEF) အမှုဆောင် ဒါရိုက်တာ အန်တိုနီ လိပ်ခ်က သြဂုတ်လ ၁၉ ရက်က ပြောကြားလိုက်သည်။

လိပ်ခ်၏ ထုတ်ပြန်ချက်သည် ဆီးရီးယား မြောက်ပိုင်းတွင် လေကြောင်း တိုက်ခိုက်မှု တစ်ခုအတွင်း ပျက်စီးသွား သော အဆောက်အဦ တစ်ခုမှ ကယ်ထုတ်ခဲ့သည့် အသက် ငါးနှစ်အရွယ် ယောင်္ကျားလေး တစ်ဦး အိုမရာ ဒတ်နိရှ် (Omrah Daqneesh)၏ ဓာတ်ပုံ ဆောင်းပါး ပေါ်ထွက်လာပြီးနောက် ထုတ်ပြန်လိုက်ခြင်း ဖြစ်သည်။

“အလက်ပိုမှာ ပိတ်မိနေတဲ့ ကလေးငယ် တစ်သိန်းကျော်ဆီကို ကျွန်တော်တို့ရဲ့ မျှဝေခံစားမှုတွေကို မပေးနိုင်ကြဘူးလား၊ မျှဝေခံစားမှုတွေ ပေးရုံ၊ နာကြည်းမှုတွေ ရှိရုံနဲ့ မလုံလောက်ပါဘူး၊ မျှဝေခံစားမှုနဲ့ နာကြည်းမှုတွေကို ဆောင်ရွက် မှု တစ်ခုအဖြစ် တွဲစပ် လုပ်ဆောင်သင့်တယ်” ဟု လိပ်ခ်က ပြောသည်။

၎င်းက ဆက်၍ “အိုမရန် အရွယ် ကလေးငယ်များက ကြောက်ရွံ့ထိတ်လန့်မှုတွေပဲ ခံစားနေရတယ်၊ စစ်ပွဲ၏ အနိဋ္ဌာရုံတွေဟာ လူကြီး တွေကြောင့်သာ ဖြစ်ရတာ ဖြစ်တယ်၊ အလက်ပိုက ကလေးငယ်များရဲ့ အိပ်မက်ဆိုးကို အဆုံးသတ်ပေးဖို့ ကျွန်တော်တို့ တောင်းဆိုသင့်တယ်” ဟု ထုတ်ပြန်ချက်၌ ပြောကြားထားသည်။

အလက်ပိုမြို့သည် ဆီးရီးယားနိုင်ငံ၏ အကြီးဆုံး ဒေသ တစ်ခုဖြစ်ပြီး တစ်ချိန်က စီးပွားရေး အချက်အချာကျ သည့် နေရာလည်း ဖြစ်ကာ အဆိုပါ ဒေသအား ရရှိရန် ဆီးရီးယား အစိုးရ တပ်များနှင့် ဆန့်ကျင်သူများအကြား ဖြစ်ပွားခဲ့သော ပြင်းထန်သည့် တိုက်ပွဲများကြောင့် စစ်ဘေးဒဏ်သင့်ခဲ့ရသည့် မြို့လည်း ဖြစ်သည်။ (Xinhua)