Connect with us

Africa & Middle East

G20 ထိပ်သီးဆွေးနွေးပွဲတွင် ဖွံ့ဖြိုးဆဲနိုင်ငံများအရေးကို နားထောင်ကြရန် တရုတ်သံအမတ်ပြော

G20 ထိပ်သီးဆွေးနွေးပွဲလက်ခံကျင်းပမည့် တရုတ်နိုင်ငံ Zhejiang ပြည်နယ် ၊ ဟန်ဇူး(Hangzhou)မြို့အား တွေ့ရစဉ်(ဆင်ဟွာ)

အက်ဒစ်အဘာဘာ ၊ သြဂုတ် ၂၁ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံက စက်တင်ဘာလတွင် အိမ်ရှင်အဖြစ်လက်ခံကျင်းပမည့် G20 ထိပ်သီးဆွေးနွေးပွဲ၌ ကမ္ဘာ့စီးပွားရေးဖွံ့ဖြိုးတိုးတက်မှုအတွက် အာရုံစူးစိုက်သွားကြရန်နှင့်အတူ ဖွံ့ဖြိုးဆဲနိုင်ငံများအရေးကိုလည်း ဝိုင်းဝန်းစိုးရိမ်ပူပန်ပေးကြရန် အီသီယိုပီးယားနိုင်ငံဆိုင်ရာ တရုတ်သံအမတ်ကြီး လာရိဖမ် ( La Yifan ) ကသြဂုတ်လ ၁၉ ရက်တွင်ထုတ်ဖော်ပြောကြားလိုက်သည်။

G20 ဆွေးနွေးပွဲတွင် ဖွံ့ဖြိုးဆဲနိုင်ငံများစွာ စံချိန်တင်အရေအတွက်အဖြစ် ပထမဆုံးအကြိမ်သမိုင်းဝင် တက်ရောက်ကြမည်ဖြစ်ကြောင်း အီသီယိုးပီးယားနိုင်ငံ မြို့တော် အက်ဒစ်ဘာဘာ၌ ကျင်းပသည့် တရုတ်-အီသီယိုးပီးယားခရီးသွားလုပ်ငန်းပူးပေါင်းဆောင်ရွက်ရေး ဆွေးနွေးပွဲတွင် တရုတ်သံအမတ်ကပြောဆိုလိုက်ခြင်းဖြစ်သည်။
“ ဟန်ဇူးမှာကျင်းပမယ့် G20 ဆွေးနွေးပွဲဟာ ဖွံ့ဖြိုးရေးကိစ္စရပ်ပေါ်မှာပဲ အာရုံစိုက်ဆွေးနွေးကြမှာပါ။အထူးသဖြင့် အာဖရိကနိုင်ငံတွေအပါအဝင် ဖွံ့ဖြိုးဆဲနိုင်ငံတွေရဲ့အရေးဟာ အခြား G20 အဖွဲ့ဝင်နိုင်ငံတွေအတွက် အခက်အခဲကြီးတစ်ရပ်ပါပဲ” ဟု ၎င်းကဆက်ပြောသည်။
G20 ဆွေးနွေးပွဲသည် ကမ္ဘာ့ထိပ်တန်းစီးပွားရေးသမားများ စုဝေးရာဖြစ်ပြီး ၎င်းတို့အနေဖြင့် ဖွံ့ဖြိုးဆဲနိုင်ငံများအရေးကိုလည်း နှလုံးသားထဲထည့်ထားသင့်ကြကြောင်း ရိဖမ်က သတိပေးခဲ့သည်။
အဆိုပါ G20 ဆွေးနွေးပွဲ၏ ကြွေးကြော်သံမှာ “ တီထွင်ဖန်တီးမှု၊ ခွန်အားမျှဝေမှု၊ အပြန်အလှန်ချိတ်ဆက်မှုနှင့် ကမ္ဘာ့စီးပွားရေးတွင်အားလုံးပါဝင်ခြင်းကို ရှေးရှုခြင်း ” ဖြစ်ပြီး စက်တင်ဘာလ ၄ ရက် နှင့် ၅ ရက်များတွင် တရုတ်နိုင်ငံ ဟန်ဇူးမြို့တွင် ကျင်းပသွားရန် ရှိကြောင်းသိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.