Connect with us

Africa & Middle East

ဆန္ဒပြမှုများတွင် ကားတာယာများစွာ မီးရှို့မှုဖြစ်ပွားပြီးနောက် ဂါဇာသို့ တာယာဝင်ရောက်ခြင်းကို အစ္စရေးပိတ်ပင်

အစ္စရေး နှင့် ဂါဇာ နယ်စပ် တွင် ဖြစ်ပွားသော ဆန္ဒပြပွဲများ ၌ ကားတာယာများအား မီးရှို့ထားစဉ် (ဆင်ဟွာ)

ဂါဇာ၊ ဧပြီ ၈ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံသည် Kerem Shalom ကုန်သွယ်ရေးနယ်စပ်ဖြတ်ကျော်စခန်းမှ ဂါဇာကမ်းမြောင်ဒေသသို့ ကားတာယာများ ဝင်ရောက်ခြင်းကို ပိတ်ပင်တားဆီးရန် ဆုံးဖြတ်ခဲ့ကြောင်း ပါလက်စတိုင်းတာဝန်ရှိသူတစ်ဦး က ဧပြီ ၇ရက်တွင်ပြောကြားခဲ့သည်။

အစ္စရေး နှင့် ဂါဇာ နယ်စပ်တစ်လျှောက်တွင် ဆန္ဒပြမှုများ အကြီးအကျယ်ဖြစ်ပွားနေစဉ် နယ်စပ်ခြံစည်းရိုး၌ ပါလက်စတိုင်းဆန္ဒပြသူများက ဧပြီ၆ရက်တွင် ကားတာယာ ရာပေါင်းများစွာကို မီးတင်ရှို့ခဲ့ပြီးနောက်တစ်ရက်တွင် အစ္စရေး၏ ဆုံးဖြတ်ချက် ထွက်ပေါ်လာခြင်းဖြစ်သည်။

ပါလက်စတိုင်းဆန္ဒပြသူများသည် တာယာများအား မီးရှို့ပြီး ထွက်ပေါ်လာသောမီးခိုးများဖြင့် နယ်စပ်ခြံစည်းရိုးနောက်ရှိ အစ္စရေးလက်ဖြောင့်တပ်သားများ၏ မြင်ကွင်းအား ပိတ်ဆို့ခဲ့ကြောင်းသိရသည်။ ယင်းတပ်သားများကြောင့် ဆန္ဒပြသူ များစွာ သေဆုံးခဲ့ကြောင်း သိရသည်။

ဂါဇာနယ်စပ်တာဝန်ရှိသူ Raed Fattouh က အစ္စရေးအာဏာပိုင်များသည် ဧပြီ၈ရက်မှ စ၍ ရော်ဘာတာယာ ၄မျိုးကို နယ်စပ်မှ တစ်ဆင့် ဂါဇာကုန်သည်များထံသို့ ဝင်ရောက်ခြင်းကို တားဆီးသွားမည်ဖြစ်ကြောင်း အကြောင်းကြားခဲ့သည်ဟု ဆင်ဟွာသို့ ပြောကြားခဲ့သည်။

Fattouh က အစ္စရေး၏ ဆုံးဖြတ်ချက်သည် ယာယီ (သို့) ရာသက်ပန် ဖြစ်ကြောင်းကိုမူ ထုတ်ဖော်ပြောကြားခြင်းမရှိကြောင်း သိရသည်။ဂါဇာ-အစ္စရေး နယ်စပ်တွင် ပါလက်စတိုင်း ထောင်ပေါင်းများစွာ နေ့စဉ် စုဝေးခဲ့ကြသဖြင့် “Great March of Return” အဖြစ်ခေါ်ဆိုသော ယင်းစုဝေးဆန္ဒပြပွဲသည် ပါလက်စတိုင်း-အစ္စရေး ပဋိပက္ခသမိုင်းတွင် ဂါဇာ၏ အကြီးမားဆုံးသော ဆန္ဒပြပွဲတစ်ခုဖြစ်ကြောင်း သိရသည်။အဆိုပါ စုဝေးဆန္ဒပြမှုသည် အစ္စရေးနိုင်ငံ ၏ ၇၀နှစ်ပြည့် လွတ်လပ်ရေးနေ့ နှင့် ထပ်တူကျသော ပါလက်စတိုင်းတို့၏ ပျက်စီးခြင်းနေ့ဖြစ်သော မေလ ၁၅ရက်တွင်ကျရောက်မည့် နက်ခ်ဘာနေ့တွင် အပြင်းထန်ဆုံးဖြစ်မည်ဟု မျှော်လင့်ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.