Africa & Middle East
ဆိုမာလီဘဏ်တစ်ခုမှ ကန်ဒေါ်လာ ၅၃၀,၀၀၀ကျော် အခိုးခံရကြောင်း ဘဏ်အုပ်ချုပ်ရေးမှူးပြောကြား

မိုဂါဒစ်ရှူး၊ သြဂုတ် ၂၆ ရက် (ဆင်ဟွာ)
ဆိုမာလီနိုင်ငံ ၏ ဗဟိုဘဏ် မှ အမေရိကန်ဒေါ်လာ ၅၃၀,၀၀၀ကျော် အခိုးခံခဲ့ရကြောင်း ဘဏ်အုပ်ချုပ်ရေးမှူး Bashir Issa က သြဂုတ် ၂၅ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။
Issa က အကြီးတန်းငွေကိုင်စာရေးတစ်ဦးဖြစ်သူ Muhidin Mohamed Hassan သည် ဒေါ်လာငွေများကို ငွေထုတ်ပြေစာ အတုများဖြင့် လဲလှယ်ခဲ့ပြီးနောက် ၎င်းအား ငွေခိုးမှု၏ နောက်ကွယ်မှ တရားခံအဖြစ် သံသယရှိနေကြောင်း ပြောကြားခဲ့သည်။
အုပ်ချုပ်ရေးမှူးက “ငွေကိုင်စာရေးတွေထဲက တစ်ယောက်ဟာ ဘဏ်ကငွေတွေကို ထုတ်ယူပြီး ဘဏ်ထဲကို ငွေအတုတွေ ပြန်သွင်းခဲ့ပါတယ်” ဟုပြောကြားခဲ့သည်။
၎င်းက သံသယရှိသူများကို ရှာဖွေစစ်ဆေး ဖမ်းဆီးသွားရန် လုံခြုံရေး အေဂျင်စီများအားပြောကြားထားပြီး ဘဏ်ဝန်ထမ်းတစ်ချို့ကိုလည်း ခေါ်ယူစစ်ဆေးနေကြောင်း ပြောကြားခဲ့သည်။
ယခင်ကလည်း ဘဏ္ဍာရေးအရှုပ်တော်ပုံများကြောင့် ဆိုမာလီ အစိုးရသည် အခက်အခဲအကြပ်အတည်းများနှင့် ရင်ဆိုင်ခဲ့ရပြီး ယခု ဖြစ်ရပ်သည် စက်တင်ဘာ နှင့် အောက်တိုဘာ ၌ ကျင်းပသွားမည့် ရွေးကောက်ပွဲ မတိုင်မီဖြစ်ပေါ်လာခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)