Connect with us

Africa & Middle East

ရုရှားက ISတို့ဝိုင်းထားသည့် ဆီးရီးယားရှိ မြို့ သို့ ကုလအထောက်အပံ့ပစ္စည်း ၂၁တန်ပေးပို့ပေး

IS တို့သိမ်းပိုက်ထားခဲ့သည့် အလက်ပိုမြို့အား တွေ့ရစဉ် (ဆင်ဟွာ)

မော်စကို၊ သြဂုတ် ၂၃ ရက် (ဆင်ဟွာ)
ရုရှားနိုင်ငံပိုင် လေယာဉ်တစ်စီးသည် IS စစ်သွေးကြွများ ဝိုင်းရံပိတ်ဆို့ထားသော ဆီးရီးယားနိုင်ငံအရှေ့ပိုင်း ရှိ Deir ez-Zor မြို့သို့ ကုလသမဂ္ဂ၏ လူသားချင်းစာနာမှုအထောက်အပံ့ပစ္စည်း ၂၁တန်အား ပေးပို့ခဲ့ကြောင်း ဆီးရီးယားနိုင်ငံ ရှိ ဆန့်ကျင့်ဘက် အဖွဲ့များ ပြန်လည်သင့်မြတ်ရေး ဆိုင်ရာ ရုရှားစင်တာ က သြဂုတ် ၂၃ ရက်တွင်ပြောကြားခဲ့သည်။
Daraa ပြည်နယ် နှင့် Hama ပြည်နယ်များမှ ဝင်ငွေနည်းပါးသည့် မိသားစုများအတွက် ဆန်၊ သကြား နှင့် စည်သွပ်ဘူး စုစုပေါင်း တန်ချိန် ၄တန်ကျော် ပေးအပ်ခဲ့ပြီး Homs ပြည်နယ် ရှိ မုန့်ဖုတ်စက်ရုံအတွက် ဂျုံတန်ချိန် ၃တန်ခန့်ပေးပို့ခဲ့ကြောင်း စင်တာကပြောသည်။
လက်နက်ကိုင် စစ်သွေးကြွများ၏ ထိန်းချုပ်မှုအောက် ရောက်ရှိနေသည့် ဆီးရီးယားနိုင်ငံ အနောက်မြောက်ဘက် ရှိ အလက်ပိုမြို့မှ ထွက်ခွာလာသည့် ဆီးရီးယား ပြည်သူများအတွက် အစားအစာ နှင့် နေ့စဉ်သုံးပစ္စည်းများ ထောက်ပံ့ပေးနေသည့် စခန်းများကိုလည်း ဖြန့်ကျက်နေရာချထားကြောင်း သိရသည်။
ဆီးရီးယားနိုင်ငံ ၌ ၂၀၁၁ခုနှစ်မှ စ၍ ပြည်တွင်းစစ် စတင်ဖြစ်ပွားခဲ့ရာ အမေရိကန်နိုင်ငံ က စစ်ပွဲများ ရပ်ဆိုင်းနိုင်ရေးအတွက် ကြားဝင်ဆောင်ရွက်ပေးခဲ့ပြီးနောက် ၂၀၁၆ ဖေဖော်ဝါရီလ အကုန်ပိုင်းလောက်တွင် ရုရှားနိုင်ငံသည် ဆီးရီးယား အရေး၌ ပါဝင်လာကြောင်း သိရသည်။ ထို့သို့ ပါဝင်လာခြင်းအား IS အကြမ်းဖက် အုပ်စုကဲ့သို့ အချို့သော အကြမ်းဖက် အဖွဲ့အစည်းများမှ လွဲ၍ ဆီးရီးယားအစိုးရ အပါအဝင် အခြား ပြိုင်ဘက်အုပ်စုများစွာက ထောက်ပံ့ပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.