Connect with us

Africa & Middle East

တူရကီနိုင်ငံ Diyarbakir လေဆိပ် အား စစ်သွေးကြွများ ဒုံးကျည်ဖြင့် ပစ်ခတ်

တူရကီနိုင်ငံ Diyarbakir လေဆိပ် အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း Diyarbakir မြို့ ရှိ လေဆိပ်သို့ ဒုံးကျည် လေးခု ကျရောက် ပေါက်ကွဲခဲ့ သော်လည်း လူသေဆုံးမှု မရှိခဲ့ကြောင်း Dogan သတင်းဋ္ဌာန က ဖော်ပြခဲ့သည်။

လေဆိပ်၏ အရေးကြီးပုဂ္ဂိုလ်များ နားနေဆောင် အပြင်ဘက် ရှိ ရဲတပ်ဖွဲ့၏ စစ်ဆေးရေးဂိတ် သို့ ဒုံးကျည်များ ကျရောက်ပေါက်ကွဲခဲ့ခြင်း ဖြစ်သည်။ ဒုံးကျည်များကြောင့် ပြတင်းပေါက်များ ပျက်စီးသွားခဲ့ပြီး ခရီးသည်နှင့် ဝန်ထမ်းများကို ဘေးလွတ်ရာ အဆောက်အအုံသို့ ပြောင်းရွှေ့ပေးထားကြောင်း သိရသည်။

Diyarbakir မြို့ အုပ်ချုပ်ရေးမှူး Huseyin Aksoy ၏ ပြောကြားချက်အရ ဒုံးကျည်များကြောင့် သေဆုံးသူမရှိသလို လေယာဉ်ခရီးစဉ် ရပ်ဆိုင်းမှုများလည်းမရှိကြောင်း ရုပ်သံထုတ်လွှင့်ရေး NTV က ဖော်ပြခဲ့သည်။

အဆိုပါ တိုက်ခိုက်မှုအား ကာဒစ်အလုပ်သမားပါတီ (PKK) စစ်သွေးကြွများက လုပ်ဆောင်ခဲ့သည်ဟု သံသယရှိနေပြီး ရဲတပ်ဖွဲ့က အကြမ်းဖက်သမားများအား ရှာဖွေဖမ်းဆီးရန် အကြီးစား စစ်ဆင်ရေးများ လုပ်ဆောင်လျက်ရှိကြောင်း သိရသည်။

PKK အဖွဲ့အား တူရကီနိုင်ငံ၊ အမေရိကန်နိုင်ငံ နှင့် ဥရောပသမဂ္ဂ တို့က အကြမ်းဖက်အဖွဲ့အစည်းတစ်ခု အဖြစ် သတ်မှတ်ထားကြောင်း သိရသည်။ (Xinhua)