Africa & Middle East
ဆီးရီးယားနိုင်ငံ အလယ်ပိုင်း လေတပ်အခြေစိုက်စခန်းအား ဒုံးကျည်များဖြင့် တိုက်ခိုက်၊ အသေအပျောက်များရှိ

ဒမတ်စကက်စ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ အလယ်ပိုင်း ဟုမ်းစ်မြို့ရှိ T-4 လေတပ် အခြေစိုက်စခန်းအား ဧပြီလ ၉ ရက် နံနက်အစောပိုင်းက ဒုံးကျည်ဖြင့် တိုက်ခိုက်ခံရကာ လူပေါင်းများစွာ သေဆုံး၊ ဒဏ်ရာရရှိခဲ့ကြောင်း ဆီးရီးယားနိုင်ငံပိုင် ရုပ်မြင်သံကြားက သတင်းဖော်ပြခဲ့သည်။
ဧပြီလ ၉ ရက် နံနက်အစောပိုင်းက ဟုမ်းစ်မြို့ အရှေ့ပိုင်း ကျေးလက်ဒေသရှိ လေယာဉ်ကွင်းအနီး ပေါက်ကွဲသံများ ကျယ်လောင်စွာ ကြားခဲ့ရကြောင်း၊ များမကြာမီအချိန်တွင် စစ်တပ် အဆောက်အအုံအား ဒုံကျည်ဖြင့် တိုက်ခိုက်ခြင်း ဖြစ်ကြောင်း အတည်ပြုခဲ့သည်။
အဆိုပါ တိုက်ခိုက်မှုကြောင်း လူသေဆုံးမှုများခဲ့ကြောင်း သတင်းများက ဖော်ပြထားသော်လည်း အရေအတွက် အတိအကျကိုမူ ပြောပြထားခြင်း မရှိပေ။ဆီးရီးယားနိုင်ငံ လေကြောင်း ကာကွယ်ရေးစနစ်က ဒုံးကျည် ၈ ခုအား ၎င်းတို့ ပစ်မှတ်သို့ မရောက်မီ ဖျက်ဆီးပစ်နိုင်ခဲ့ကာ ကျန်သည့်အရာက လေတပ်အခြေစိုက်စခန်းအား ထိသွားခဲ့ခြင်း ဖြစ်ကြောင်း ပြောကြားခဲ့သည်။အဆိုပါ တိုက်ခိုက်မှုအား မည်သူလုပ်ဆောင်ကြောင်း အတည်မပြုနိုင်သေးသော်လည်း နိုင်ငံပိုင် မီဒီယာများကမူ ထိုတိုက်ခိုက်မှုအား အမေရိကန်နိုင်ငံက လုပ်ဆောင်ကြောင်း ရေးသားထားကြသည်။ (Xinhua)