Connect with us

Africa & Middle East

ဘိုကိုဟာရမ်စစ်သွေးကြွများ ပြန်ပေးဆွဲထားသည့် ဓားစာခံ ၁၄၉ဦးကို နိုင်ဂျီးရီးယား စစ်တပ်မှ ပြန်လည်ကယ်ဆယ်ခဲ့

ဘိုကိုဟာရမ်စစ်သွေးကြွများလက်မှ လွတ်မြောက်လာသည့် ဓားစာခံများအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

လာဂို့စ်၊ ဧပြီ ၉ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားစစ်တပ်က နိုင်ငံအရှေ့မြောက်ပိုင်း ဘော်နိုပြည်နယ် တွင် ပြုလုပ်ခဲ့သော စစ်ဆင်ရေးတစ်ခုအတွင်း ဘိုကိုဟာရမ် စစ်သွေးကြွများ ပြန်ပေးဆွဲထားသည့် လူ ၁၄၉ဦးကို ပြန်လည်ကယ်တင်နိုင်ခဲ့ကြောင်း ဧပြီ ၇ရက် က အတည်ပြုပြောကြားခဲ့သည်။

တပ်ဖွဲ့ဝင်များသည် Sambisa ပြည်နယ်အနီး Yerimari-Kura အသိုက်အဝန်း တွင်ပြုလုပ်ခဲ့သော စစ်ဆင်ရေးအတွင်း စစ်သွေးကြွ ၅ဦးကို သုတ်သင်နိုင်ခဲ့ပြီး အခြား ၅ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း စစ်တပ်ပြောရေးဆိုခွင့်ရှိသူ ဗိုလ်မှူးကြီး Onyeama Nwachukwu က ထုတ်ပြန်ချက်တွင်ပြောကြားခဲ့သည်။

ဓားစာခံများတွင် အမျိုးသမီး ၅၄ဦး နှင့် ကလေးငယ် ၉၅ဦး ပါဝင်ကြောင်း Nwachukwu ကပြောကြားခဲ့သည်။ပြောရေးဆိုခွင့်ရှိသူက တပ်ဖွဲ့ဝင်များသည် ဧပြီ ၇ရက်တွင် ဘော်နိုပြည်နယ် ကွန်ဒူဂါမြို့ မန်ဒါနာရီအသိုက်အဝန်း၌ ဗုံးခွဲရန်ကြိုးပမ်းခဲ့သည့် အသေခံဗုံးခွဲသမား ၂ဦးကိုလည်း တားဆီးနိုင်ခဲ့ကြောင်း ပြောကြားခဲ့သည်။

နိုင်ဂျီးရီးယားစစ်တပ်သည် အကြမ်းဖက်အုပ်စုအား တိုက်ခိုက်နှိမ်နင်းမှုကို အလေးပေးလုပ်ဆောင်နေပြီး Sambisa တောအုပ်မှ အကြမ်းဖက်သမားများကို ဖယ်ရှားလျက်ရှိကြောင်း သိရသည်။နိုင်ဂျီးရီးယားနိုင်ငံတွင် ၂၀၀၉ခုနှစ်မှ စ၍ ဘိုကိုဟာရမ်စစ်သွေးကြွများ၏ တိုက်ခိုက်မှုကြောင့် လူပေါင်း ၂၀,၀၀၀ ကျော် သေဆုံးခဲ့ပြီး လူ ၂.၃သန်း နေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။ (Xinhua)


Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117