Africa & Middle East
ဆူဒန်နိုင်ငံတွင် ရဟတ်ယာဉ်တစ်စ်ီးပျက်ကျမှုကြောင့် လူ ၇ ဦး သေဆုံး

ခါတွန် ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ)
ဆူဒန်နိုင်ငံ အရှေ့ပိုင်း Gadaref ပြည်နယ်တွင် ဒီဇင်ဘာ ၉ ရက်က ရဟတ်ယာဉ်တစ်စီးပျက်ကျမှု ဖြစ်ပွားရာ ဒေသခံ အစိုးရအရာရှိ ၇ ဦး သေဆုံးခဲ့ကြောင်း သိရသည်။
အဆိုပါရဟတ်ယာဉ်သည် ဒီဇင်ဘာ ၉ ရက် နံနက်ပိုင်းကGadaref ပြည်နယ်ရှိ လေဆိပ်သို့ဆင်းသက်စဉ် မီးလောင်ပျက်စီးသွားကြောင်း၊ ၎င်းပြည်နယ် ပြည်နယ်မှူးအပါအဝင် အရာရှိ ၇ ဦးသေဆုံးခဲ့ကြောင်းနှင့် ဒဏ်ရာရသူများကို ဆေးရုံသို့ ပို့ဆောင်ကုသလျက်ရှိကြောင်း ဒေသခံမီဒီယာများက ဖော်ပြထားသည်။
လက်ရှိတွင် အချင်းဖြစ်ပွားမှုနှင့်စပ်လျဉ်း၍ စုံစမ်းစစ်ဆေးမှုများပြုလုပ်လျက်ရှိကြောင်း သိရသည်။
(Xinhua)