Connect with us

Africa & Middle East

အမေရိကန် လေတပ်က ဆိုမာလီယာ အယ်လ်ရှာဘတ် ၄ ဦးအား သုတ်သင်ရှင်းလင်း

လေကြောင်းတိုက်ခိုက်မှုများပြုလုပ်နေသည့် အမေရိကန် စစ်လေယာဉ်တစ်စီးအား တွေ့ရစဉ်(ဆင်ဟွာ)

မိုဂါဒစ်ရှူး ၊ ဒီဇင်ဘာ ၁၀ ရက်(ဆင်ဟွာ)

အမေရိကန်စစ်တပ်သည် ဒီဇင်ဘာ ၈ ရက်က ဆိုမာလီယာနိုင်ငံ တောင်ပိုင်း Basraကျေးရွာအနီးတွင် အစွန်းရောက်အများအား ပစ်မှတ်ထားလေကြောင်းတိုက်ခိုက်မှုများပြုလုပ်ခဲ့ရာ အယ်လ်ရှာဘတ်၄ ဦး ကို သုတ်သင်ရှင်းလင်းနိုင်ခဲ့ကြောင်း အမေရိကန်၏ အာဖဂန်စစ်ဌာနချုပ်(Africom) က ဒီဇင်ဘာ ၉ ရက်တွင် ကြေညာချက်ထုတ်ပြန်ခဲ့သည်။

ယခုပြုလုပ်သည့်လေကြောင်းတိုက်ခိုက်မှုမှာ မဟာမိတ်တပ်များကို အယ်လ်ရှာဘတ်လက်နက်ကိုင် များက တိုက်ခိုက်မှုပြုလုပ်ခဲ့ပြီးနောက် ယင်းအား လက်တုံ့ပြန်ရန်အတွက် အမေရိကန် နှင့် ဆိုမာလီယာ အစိုးရတပ်တို့ပူးပေါင်းပြီး တန်ပြန်တိုက်ခိုက်ခြင်းဖြစ်ကြောင်း ၊ အရပ်သားပြည်သူ သေဆုံးဒဏ်ရာရမှု မရှိကြောင်း ကြေညာချက်တွင် ဖော်ပြထားသည်။

အမေရိကန် စစ်တပ်သည် ဆိုမာလီအခြေစိုက် အာဖရိကသမဂ္ဂ အထူးအဖွဲ့၊ ဆိုမာလီအစိုးရတပ် များနှင့်ပူးပေါင်းကာ အယ်လ်ရှာဘတ်လက်နက်ကိုင်များကို ဆက်လက်ချေမှုန်းသွားမည်ကြောင်း ကြေညာချက်တွင် ရေးသားထားသည်။

ဆိုမာလီယာ အယ်လ်ရှာဘတ်(al-Shabaab)သည် အယ်လ်ကိုင်ဒါး(Al-Qaeda)နှင့်ဆက်စပ်နေသည့် အစွန်းရောက်အဖွဲ့အစည်းတစ်ခုဖြစ်ပြီး ယခုနှစ်ပိုင်းများတွင် ဆိုမာလီယာနှင့် အိမ်နီးချင်းနိုင်ငံများတွင် အကြမ်းဖက်တိုက်ခိုက်မှုပေါင်းများစွာ ပြုလုပ်ခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.