Connect with us

Africa & Middle East

အာဖဂန်နိုင်ငံတွင် မင်္ဂလာပွဲ၌ အသေခံဗုံးဖောက်ခွဲမှုကြောင့် လူ ၅ ဦးသေဆုံး

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့တွင် ဖြစ်ပွားခဲ့သည့် အသေခံဗုံးဖောက်ခွဲမှုတစ်ခုကြောင့် ပျက်စီးမှုများအား တွေ့ရစဉ် (ဆင်ဟွာ)

ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ ဇူလိုင် ၁၂ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ အရှေ့ပိုင်း နန်ဂါဟာပြည်နယ်တွင် မင်္ဂလာပွဲသို့ တက်ရောက်လာသည့် လူများအကြား အသေခံဗုံးခွဲသမားတစ်ဦးက ဗုံးဖောက်ခွဲခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးပြီး အခြားလူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း တာဝန်ရှိသူတစ်ဦးက ဇူလိုင်လ ၁၂ ရက်တွင် ပြောကြားလိုက်သည်။

အဆိုပါ ဖြစ်ရပ်မှာ Pachir Agam ခရိုင်ရှိ အစိုးရကိုထောက်ခံသော ပြည်သူ့စစ် တပ်မှူး Malik Toor ၏ နေအိမ်တွင် ပြုလုပ်သည့် မင်္ဂလာပွဲ အခမ်းအနားသို့ ဧည့်သည်များတက်ရောက်လာချိန် နံနက်ပိုင်း၌ ဖြစ်ပွားခဲ့ခြင်းဖြစ်ကြောင်း ပြည်နယ်အစိုးရ ပြောရေးဆိုခွင့်ရှိသူ Ataullah Khogyani က ဆင်ဟွာသို့ ပြောခဲ့သည်။

“ပေါက်ကွဲမှုကြောင့် လူ ၅ ဦးသေဆုံးပြီး အခြားလူ ၄၀ ကျော် ဒဏ်ရာရရှိခဲ့တယ်။ ဒဏ်ရာရသူတွေကို ပြည်နယ်မြို့တော် ဂျလာလာဘတ်မြို့ရှိ ဆေးရုံသို့ ပို့ဆောင်ခဲ့ပါတယ်” ဟု အဆိုပါ ပြောရေးဆိုခွင့်ရှိသူက ပြောခဲ့သည်။

ဒဏ်ရာရသူများအနက် အချို့မှာ စိုးရိမ်ဖွယ်အခြေအနေတွင် ရှိနေသည့်အတွက် သေဆုံးသူစာရင်းမှာ မြင့်တက်ဖွယ်ရှိကြောင်း သတင်းရင်းမြစ်၏ အဆိုအရ သိရသည်။

ယင်းဖြစ်ရပ်နှင့်ပတ်သက်၍ မည်သည့်အဖွဲ့ကမျှ ၎င်းတို့၏လက်ချက်ဖြစ်ကြောင်း တာဝန်ယူပြောကြားထားခြင်း ကြောင်း၊ သို့သော် တာလီဘန်စစ်သွေးကြွအုပ်စုကမူ ထိုတိုက်ခိုက်မှုတွင် ၎င်းတို့၏တိုက်ခိုက်ရေးသမားများ ပါဝင်ခြင်းမရှိကြောင်း ငြင်းဆိုထားသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.