Africa & Middle East
ဆူဒန်မြောက်ပိုင်းတွင် ယာဉ်မတော်တဆမှု ကြောင့် လူ ၁၆ဦးသေဆုံး

ဆူဒန်၊ သြဂုတ် ၂၈ ရက် (ဆင်ဟွာ)
ဆူဒန်နိုင်ငံ North Darfur ပြည်နယ် တွင် သြဂုတ် ၂၇ ရက် က ယာဉ်မတော်တဆမှုတစ်ခုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၁၆ဦး သေဆုံးခဲ့ကြောင်း နိုင်ငံပိုင် SUNA သတင်းဌာနက ဖော်ပြခဲ့သည်။
North Darfur ပြည်နယ် မြို့တော် El Fasher မြို့ အရှေ့ပိုင်းသို့ သွားရာ အနောက်ပိုင်း Salvation လမ်းမပေါ်တွင် ယာဉ်တိုက်မှုဖြစ်ပွားခဲ့ခြင်းဖြစ်ပြီး အခြားလူ ၄ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သတင်း၌ပါရှိသည်။
ယာဉ်တိုက်မှုမှာ မော်တော်ယာဉ်ငယ် တစ်စီး နှင့် မျက်နှာချင်းဆိုင် တစ်ဖက်လမ်းမှလာသော ခရီးသည်တင် ဘတ်စ်ကားတစ်စီး တို့ တိုက်မိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ဆူဒန်နိုင်ငံ သည် အဓိကအားဖြင့် ယာဉ်မဆင်မခြင်မောင်းနှင်ခြင်း၊ လမ်းအခြေအနေများ ယိုယွင်းနေခြင်း နှင့် လမ်းစနစ်များ ကောင်းမွန်မှုမရှိခြင်းတို့ကြောင့် ယာဉ်မတော်တဆမှုဖြင့် သေဆုံးမှုအများဆုံး နိုင်ငံများအနက် တစ်နိုင်ငံအဖြစ်ပါဝင်နေကြောင်း သိရသည်။ (Xinhua)