Connect with us

Africa & Middle East

တရုတ်နိုင်ငံ၌ ယူဂန္ဓာကျောင်းသား ၆၉ ဦးလာရောက်ပညာသင်ကြားမည်

တရုတ်နိုင်ငံ ပညာတော်သင် လာရောက်ကြမည့် ယူဂန္ဓာကျောင်းသားများအားတွေ့ ရစဉ်(ဆင်ဟွာ)

ကမ်ပါလာ၊ သြဂုတ် ၂၈ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံပညာတော်သင်ဆု ဆွတ်ခူးရရှိသော ယူဂန္ဓာနိုင်ငံမှ ကျောင်းသား ၆၉ ဦးသည် ဘာသာရပ်အမျိုးမျိုးတွင် စာသင်နှစ်ကို တက်ရောက်ရန်အတွက် တရုတ်နိုင်ငံသို့မကြာမီ ထွက်ခွာလာကြမည်ဖြစ်ကြောင်း သိရသည်။

ပညာတော်သင်သွားရောက်ကြမည့် ကျောင်းသားများအား တွေ့ဆုံနှုတ်ဆက်ပွဲတွင် ယူဂန္ဓာနိုင်ငံဆိုင်ရာတရုတ်နိုင်ငံသံအမတ်ကြီး Zheng Zhuqiang က တရုတ်နိုင်ငံတွင် ပညာသင်ကြားရန် ယူဂန္ဓာလူငယ်မောင်မယ်များကို တရုတ်နိုင်ငံက ကြိုဆိုကြောင်း ထည့်သွင်းပြောကြားခဲ့သည်။

“ မောင်တို့မယ်တို့ဟာ ယူဂန္ဓာနိုင်ငံ ဖွံ့ဖြိုးတိုးတက်မှုအတွက် မောင်းနှင်အားတစ်ခုဖြစ်လာလိမ့်မယ်လို့ကျွန်တော်တို့ယုံကြည်ပါတယ်။ ပြီးတော့ တရုတ်-ယူဂန္ဓာ ချစ်ကြည်ရင်းနှီးမှုအတွက် စေတနာ့ဝန်ထမ်းသံတမန်တွေ ဖြစ်လာမှာပါ” ဟု Zheng က ဆိုသည်။

၎င်းက နှစ်စဉ် တရုတ်နိုင်ငံ၌ ယူန္ဓာနိုင်ငံသား ၅ဝဝ နီးပါးကို ကာလတိုသင်တန်းများ ပို့ချပေးနေကြောင်း ပြောကြားခဲ့သည်။

ယူဂန္ဓာနိုင်ငံ အဆင့်မြင့်ပညာရေးဝန်ကြီးဌာန ဝန်ကြီး John Muyingo က တရုတ်နိုင်ငံမှ လေ့လာဆည်းပူးခဲ့သော ပညာရပ်များဖြင့် ယူဂန္ဓာကျောင်းသားများသည် ယူဂန္ဓာနိုင်ငံ၏ ဖွံ့ဖြိုးတိုးတက်မှုအတွက် လျင်လျင်မြန်မြန်လမ်းသစ်ဖောက်ရာတွင် အသုံးဝင်နိုင်လိမ့်မည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

“ နိုင်ငံကို ဖွံ့ဖြိုးတိုးတက်အောင်လုပ်ဖို့မောင်တို့မယ်တို့ရဲ့ ကျွမ်းကျင်မှုဟာ ကျွန်တော်တို့အတွက် အထူးလိုအပ်ပါတယ်” ဟု Muyingo က ဆိုသည်။

ယူဂန္ဓာကျောင်းသားများအတွက် ပညာတော်သင် အစီအစဉ်ကို တရုတ်နိုင်ငံ အနေဖြင့် ဆက်လက်ဆောင်ရွက်ပေး ပါရန်လည်း ၎င်းက တိုက်တွန်းပြောကြားခဲ့သည်။

ပညာတော်သင်ကျောင်းသားများကိုယ်စား Collin Twebaze ကကျေးဇူးတင်စကားပြောကြားရာတွင် ယူဂန္ဓာနိုင်ငံ၏ဖွံ့ဖြိုးတိုးတက်အတွက် တရုတ်နိုင်ငံအနေဖြင့် အပြုသဘောဆောင်သောအခန်းကဏ္ဍမှ ဆက်လက် ပါဝင် ဆောင်ရွက်ပေးရန် မျှော်လင့်ကြောင်း ထည့်သွင်းပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.