Connect with us

Africa & Middle East

ဆူဒန် နိုင်ငံ၌ အီဂျစ် ကုန်စည်များ တင်သွင်းမှု အပေါ် ပိတ်ပင်မှုအား ပြန်လည် ရုပ်သိမ်း

ဆူဒန် နိုင်ငံရှိ ဈေးတစ်ခု အတွင်း ကုန်ပစ္စည်းများ ရောင်းချနေမှုအား တွေ့ ရစဉ်(ဆင်ဟွာ)

ခါတွန် ၊ ဖေဖော်ဝါရီ ၇ ရက်(ဆင်ဟွာ)

အီဂျစ် ကုန်စည်များ တင်သွင်းမှု ပိတ်ပင်ထားခြင်းအား ဆူဒန် တာဝန်ရှိသူများက ဖေဖော်ဝါရီ ၆ ရက်တွင် ပြန်လည် ရုပ်သိမ်းကြောင်း ကြေညာလိုက်သည်ဟု ဆူဒန်မီဒီယာစင်တာ၏ ဖော်ပြချက် အရ သိရသည်။

“အီဂျစ် နိုင်ငံက ကုန်စည်တွေနဲ့လူသုံးကုန် ပစ္စည်းတွေကို ဘယ်သူမဆို ကုန်သွယ် မှတ်ပုံတင်ကာ တင်သွင်း နိုင်ပါတယ်”ဟု ဆူဒန်နိုင်ငံ စက်မှု နှင့် ကုန်သွယ်ရေး ဝန်ကြီးဌာန လက်ထောက် အတွင်းရေးမှူး Abdul-Rahman Agab Ahmed ၏ ပြောကြားချက်ကို ကိုးကား ဖော်ပြခဲ့သည်။

ပို့ကုန် ၊ သွင်းကုန်များအား စီးပွားရေး အရ မှတ်ပုံတင်ထားသည့် ကုမ္ပဏီများမှတစ်ဆင့်သာ ပြုလုပ်ရမည် ဖြစ်ကြောင်း ၎င်းက ထည့်သွင်း ပြောကြားခဲ့သည်။

ထိုတင်သွင်းလာသော လူသုံးကုန် ပစ္စည်းများ နှင့် ကုန်စည်များ အနေဖြင့် စံချိန်စံညွှန်းများ မပြည့်မီပါက ကျန်းမာရေး အခြေအနေ နှင့် ဥပဒေ အရ ဆူဒန် နိုင်ငံသို့တင်သွင်းခွင့်ပြုမည် မဟုတ်ကြောင်း တရားဝင် မှတ်ချက် ပြုခဲ့သည်။

၂၀၁၆ ခုနှစ် စက်တင်ဘာလတွင် ဆူဒန် နိုင်ငံ သမ္မတ Omar al-Bashir သည် အီဂျစ် နိုင်ငံမှ အသီးအရွက်များအား ဓာတ်ခွဲ စမ်းသပ်မှု ပြီးစီးသည် အထိ ယာယီ ပိတ်ပင်မှု ချမှတ်ခဲ့ပြီးနောက်တွင် အီဂျစ် နိုင်ငံ၏ လယ်ယာ စိုက်ပျိုးရေး ထုတ်ကုန်များ ၊ မျိုးစေ့များ ၊ ပျိုးပင်များ တင်သွင်းခြင်းကို တားမြစ်သည့် နောက်ဆုံး ဆုံးဖြတ်ချက်ကို ကြေညာခဲ့သည်။

၂၀၁၈ ခုနှစ် အောက်တိုဘာလတွင်မူ အီဂျစ်ကုန်စည်များ ဆူဒန် နိုင်ငံသို့တင်သွင်းမှုအား ပိတ်ပင်ရန် ဆုံးဖြတ်ခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.