Africa & Middle East
တန်ဇန်းနီးယားနိုင်ငံ အနောက်မြောက်ပိုင်းတွင် မိုးကြိုးပစ်၍ ကျောင်းသား ၆ဦးသေဆုံး

တန်ဇန်းနီးယား၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)
တန်ဇန်းနီးရှားနိုင်ငံ အနောက်မြောက်ပိုင်း Geita ဒေသ ရှိ မူလတန်းကျောင်း တစ်ခုကို အောက်တိုဘာ ၁၈ ရက်တွင် မိုးကြိုးပစ်ခတ်ခဲ့ရာ အနည်းဆုံး ကျောင်းသား ၆ဦးသေဆုံးခဲ့ပြီး အခြားလူ ၂၅ဦး ထိခိုက်ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
Geita ဒေသဆိုင်ရာ ပညာရေးမှူး Yese Kanyuma က တောင်ထူထပ်သောဒေသ ရှိ Emaco Vision မူလတန်းကျောင်းအား နံနက်ပိုင်းတွင် မိုးကြိုးပစ်ခတ်ခဲ့ရာ ကလေး ၆ဦး နေရာ၌ပင်သေဆုံးခဲ့ကြောင်း ပြောခဲ့သည်။
Geita ဒေသ ကော်မရှင်နာ Josephat Maganga က အဆိုပါကျောင်းသည် Geita မြို့မှ ၄ကီလိုမီတာအကွာတွင် တည်ရှိပြီး မူကြိုကျောင်းသားများအပါအဝင် ကျောင်းသား ၅၈၉ဦး စာသင်ကြားလျက်ရှိကြောင်း ပြောခဲ့သည်။
၎င်းက မိုးကြိုးပစ်ခတ်ချိန်တွင် မိုးရွာသွန်းပြီး မိုးကြိုးမုန်တိုင်းများ တိုက်ခတ်နေကြောင်း ပြောကြားခဲ့သည်။
မိုးကြိုးသည် ၂တန်း နှင့် ၃တန်းကျောင်းသားများ၏ စာသင်ခန်း ၂ခန်းခေါင်မိုးကို ဖောက်၍ ပစ်ခတ်ခဲ့ရာ ကျောင်းသား ၆ဦးသေဆုံးခဲ့ကြောင်း တာဝန်ရှိသူကပြောကြားခဲ့သည်။ (Xinhua)