Connect with us

Africa & Middle East

ဆားဘီးယားနိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးခြင်းကို အီရန်ရပ်ဆိုင်း

အီရန်လေဆိပ်ရှိ လူဝင်မှုကြီးကြပ်ရေးကောင်တာအားတွေ့ရစဉ် (ဓါတ်ပုံ-အင်တာနက်)

တီဟီရန်၊ အောက်တိုဘာ ၁၈ ရက် (ဆင်ဟွာ)

ဆားဘီးယားနိုင်ငံ သည် အီရန်နိုင်ငံသားများအတွက် ဗီဇာစနစ်ကို ပြန်လည်လုပ်ဆောင်ခဲ့ပြီး ရက်အနည်းငယ် အကြာတွင် အီရန်နိုင်ငံသည် ဆားဘီးယားနိုင်ငံသားအား ဗီဇာကင်းလွတ်ခွင့်ပေးခြင်းကို ရပ်ဆိုင်းခဲ့ကြောင်း Tehran Times သတင်းစာက အောက်တိုဘာ ၁၇ ရက်တွင်ဖော်ပြခဲ့သည်။

ဆားဘီးယားနိုင်ငံက အီရန်နိုင်ငံသားများအပေါ် ဗီဇာကင်းလွတ်ခွင့်ကို ရပ်ဆိုင်းခဲ့ပြီးနောက် အပြန်အလှန် ဗီဇာစနစ် ကိုပြန်လည်ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သတင်း၌ဖော်ပြခဲ့သည်။

အီရန်နိုင်ငံသားတစ်ချို့သည် အခြားဥရောပနိုင်ငံများသို့ဝင်ရောက်ရန် နည်းလမ်းအဖြစ် ဗီဇာကင်းလွတ်ခွင့်စနစ်ကို အလွဲသုံးစားပြုလုပ်နေသဖြင့် အီရန်နိုင်ငံသားများအတွက်ဗီဇာကင်းလွတ်ခွင့်ကို ရပ်ဆိုင်းသွားမည်ဖြစ်ကြောင်း ဆားဘီးယားနိုင်ငံက အောက်တိုဘာ ၁၀ ရက်တွင် ကြေညာခဲ့သည်။

၂၀၁၇ခုနှစ် သြဂုတ်လတွင် ဆားဘီးယားနိုင်ငံသည် ခရီးသွားလုပ်ငန်းတိုးမြှင့်ရန် နှင့် ဥရောပမဟုတ်သော နိုင်ငံများသို့ပါ ခရီးသွားဈေးကွက်ရောက်ရှိရန် လုပ်ဆောင်ချက်တစ်ခုအနေဖြင့် အီရန်နိုင်ငံသားများအား ဗီဇာကင်းလွတ်ခွင့်ပေးခဲ့ကြောင်း သိရသည်။

ဗီဇာကင်းလွတ်ခွင့် အစီအစဉ် စတင်သက်ဝင်ခဲ့စဉ်ကတည်းက ဆားဘီးယားသို့ အီရန်နိုင်ငံသား ၁၅,၀၀၀ ကျော် ဝင်ရောက်ခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.