Connect with us

Africa & Middle East

တရုတ်က ဆီးရီးယားသို့ စားနပ်ရိက္ခာအထောက်အပံ့အနေဖြင့် ဆန်တန်ချိန် ၁,၀၀၀ ပေးပို့

တရုတ်နိုင်ငံမှ လှူဒါန်းသည့် ဆန်အိတ်တစ်အိတ်အား ဆီးရီးယားလခြမ်းနီအဖွဲ့သားများက သယ်ဆောင်လာစဉ် (ဆင်ဟွာ)

လာတာကီရာ၊ နိုဝင်ဘာ ၂၁ ရက် (ဆင်ဟွာ)

တရုတ်နိုင်ငံမှ လှူဒါန်းသည့် စုစုပေါင်း ဆန်တန်ချိန် ၁,၀၀၀ အား ဆီးရီးယားနိုင်ငံ အနောက်မြောက်ပိုင်း လာတာကီရာမြို့ သို့ ပေးပို့ခဲ့ပြီးဖြစ်ကြောင်း ဒမတ်စကပ်စ်မြို့ရှိ တရုတ်သံရုံးက နိုဝင်ဘာ ၂၀ ရက်တွင် ထုတ်ပြန်ခဲ့သည်။

ယင်းလှူဒါန်းမှုသည် စစ်ပွဲများဖြစ်ပွားနေသော ဆီးရီးယားနိုင်ငံအတွက် အနာဂတ်တွင် ဆောင်ရွက်ပေးသွားမည့် ထောက်ပံ့လှူဒါန်းမှုများ၏ တစ်စိတ်တစ်ပိုင်းဖြစ်ကြောင်း သိရသည်။

လာတာကီရာမြို့အုပ်ချုပ်ရေးမှူး Ibrahim Khudr Salem က တရုတ်နိုင်ငံက ယခုကဲ့သို့ အထောက်အပံ့ပစ္စည်းများ လှူဒါန်းမှုနှင့် ဆီးရီးယားနိုင်ငံအား ခွဲခြမ်းစိတ်ဖြာရန် ဒေသတွင်းက ကြိုးပမ်းဆောင်ရွက်နေမှု နှင့် အကြမ်းဖက်မှုကို တန်ပြန်တိုက်ခိုက်နေသည့် ဆီးရီးယားပြည်သူများအပေါ် တရုတ်နိုင်ငံအစိုးရ နှင့် တရုတ်နိုင်ငံသားတို့၏ အထောက်အပံ့ပြုသည့် ရပ်တည်ချက်များ အတွက် ကျေးဇူးတင်ရှိပါကြောင်း ပြောကြားခဲ့သည်။

ဆီးရီးယားနိုင်ငံ ဆိုင်ရာ တရုတ်သံအမတ်ကြီး Qi Qianjin က ဆီးရီးယားနိုင်ငံအနေဖြင့် ခက်ခဲ့သည့် အခြေအနေများကို ကြုံတွေ့နေချိန်တွင် ဆီးရီးယားပြည်သူများအား အကူအညီပေးသွားရန် တရုတ်နိုင်ငံက ရည်ရွယ်ထားခဲ့ခြင်းဖြစ်ကြောင်း ဆင်ဟွာသို့ပြောကြားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.