Africa & Middle East
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က မောရစ်သျှသမ္မတနိုင်ငံသို့ ချစ်ကြည်ရေးခရီးစဉ်အဖြစ်ရောက်ရှိ

ပေါ့တ်လူးဝစ်္စ ၊ ဇူလိုင်၂၈ ရက်(ဆင်ဟွာ)
တရုတ်နိုင်ငံသမ္မတ ရှီကျင့်ဖိန်က ချစ်ကြည်ရေးခရီးစဉ်အဖြစ် ဇူလိုင်လ ၂၇ ရက်တွင် မောရစ်သျှသမ္မတ နိုင်ငံသို့ ရောက်ရှိခဲ့ကြောင်း သိရသည်။
သမ္မတရှီနှင့်ဇနီးဖြစ်သူ ဖုန်းလိယွမ်သည် ဒေသစံတော်ချိန် ညပိုင်း ၉ နာရီ ၁၅ မိနစ်ခန့်က Ramgoo lam နိုင်ငံတကာလေဆိပ်သို့ ရောက်ရှိခဲ့ရာ မောရစ်သျှနိုင်ငံ ဝန်ကြီးချုပ် Pravind Jugnauthနှင့် ဇနီး ဖြစ်သူ Kobita Ramdaneeက လေဆိပ်တွင် အခမ်းအနားဖြင့် နွေးထွေးစွာ ခရီးဦးကြိုပြုခဲ့ကြောင်း သိရပါသည်။
ထို့နောက် နှစ်နိုင်ငံခေါင်းဆောင်အကြား ချစ်ကြည်ရင်းနှီးစွာ တွေ့ဆုံဆွေးနွေးခဲ့ကြရာ သမ္မတရှီက မောရစ်သျှနိုင်ငံအစိုးရနှင့် ပြည်သူလူထု၏ ချစ်ကြည်ရင်းနှီးမှုနှင့်နွေးထွေးပျူငှာမှုကို ရောက်ရောက်ချင်း ပင် သိရှိခဲ့ကြောင်း ၊ နှစ်နိုင်ငံအကြားတွင် ချစ်ကြည်ရင်းနှီးသည့် ဆက်ဆံရေးရှိကြောင်း ၊ ဝန်ကြီးချုပ် Pravind Jugnauthနှင့်အတူ နှစ်နိုင်ငံဆက်ဆံရေး၊ နိုင်ငံတကာနှင့်ဒေသဆိုင်ရာကိစ္စရပ်များ နှင့်စပ်လျဉ်း၍ အမြင်သဘောထားဖလှယ်သွားလိုကြောင်း ပြောကြားခဲ့သည်။ Pravind Jugnauthက လည်း မောရစ်သျှသို့ ချစ်ကြည်ရေးခရီးစဉ်လာရောက်သည့် သမ္မတရှီအား လှိုက်လှဲစွာကြိုဆိုကြောင်း၊ ယခုကဲ့သို့လာရောက်သည့်အတွက် အထူးပင် ဂုဏ်ယူဝမ်းမြောက်မိကြောင်း ပြောကြားခဲ့ပါသည်။
သမ္မတရှီသည် တောင်အာဖရိကသို့ နိုင်ငံတော်ခရီးစဉ်သွားရောက်ပြီး ဂျိုဟန်နက်စ်ဘာ့ဂ်တွင် ကျင်းပသည့် ၁၀ ကြိမ် မြောက် BRICS ထိပ်သီးအစည်းအဝေးသို့ တက်ရောက်ပြီးနောက် မောရစ်သျှနိုင်ငံသို့ ရောက်ရှိခဲ့ခြင်းဖြစ်ကြောင်း သိရသည်။ (Xinhua)