Connect with us

Africa & Middle East

ကွန်ဂိုဒီမိုကရက်တစ်သမ္မတနိုင်ငံတွင် လေယာဉ်မတော်တဆဖြစ်ပွားမှုကြောင့် အနည်းဆုံး လူ ၅ ဦး သေဆုံး

ကွန်ဂိုတွင် ပျက်ကျခဲ့သည့် လေယာဉ်တစ်စီးအား တွေ့ရစဉ် (ဆင်ဟွာ)

ကင်ရှာဆာ၊ ဇူလိုင်၂၈ ရက်(ဆင်ဟွာ)

ကွန်ဂိုဒီမိုကရက်တစ် သမ္မတနိုင်ငံ(ကွန်ဂို-ကင်ရှာဆာ)တွင် ပြည်တွင်းလေကြောင်း ကုမ္ပဏီ၏ လေယာဉ်ငယ်တစ်စီးသည် ဇူလိုင်လ ၂၇ ရက်နေ့ ညနေ့ပိုင်းက နိုင်ငံ တောင်ပိုင်းတွင် မတော်တဆ ပျက်ကျမှုဖြစ်ပွားခဲ့ရာ အနည်းဆုံး လူ ၅ ဦးသေဆုံးခဲ့ကြောင်း ဒေသခံ အရာရှိတစ်ဦးက ဇူလိုင်လ ၂၇ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အဆိုပါလေယာဉ်ငယ်မှာ စတင်ပျံသန်းပြီးမကြာမီ တောင်ပိုင်း Kasaiပြည်နယ် Tshikapaမြို့တွင် အနီး တွင် ပျက်ကျပြီး မီးလောင်ကျွမ်းမှုဖြစ်ပွားခဲ့ကြောင်း ၊ လေယာဉ်မှူးတစ်ဦးနှင့် လိုက်ပါစီးနှင်းသူ ခရီးသည်တစ်ဦး အသက်ရှင်ကျန်ရစ်ပြီး အနည်းဆုံး လူ ၅ ဦး သေဆုံးခဲ့ကြောင်း ဒေသခံမီဒီယာများ၏ သတင်းများအရ သိရသည်။ အခင်းဖြစ်ပွားသည့်အကြောင်းရင်းကို စုံစမ်းစစ်ဆေးဆဲဖြစ်ကြောင်း သိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.