Africa & Middle East
တူနီးရှားအကျဉ်းထောင်မှ ကုလသမဂ္ဂကျွမ်းကျင်သူလွတ်မြောက်
တူနီးရှား၊ မေ ၂၂ ရက် (ဆင်ဟွာ)
သူလျှိုဟုစွပ်စွဲကာ မတ်လ အတွင်းက တူနီးရှားနိုင်ငံ အတွင်းဖမ်းဆီးထားခဲ့သော ကုလသမဂ္ဂ ကျွမ်းကျင်သူ Moncef Kartas (မွန်ဆက်ဖ်ကာတာစ်) အား တူနီးရှားမြို့အယူခံတရား ရုံးက မေလ၂၁ ရက် တွင် ပြန်လွှတ်ပေးရန် အမိန့်ထုတ်ခဲ့ကြောင်း Tunis Afrique Presseက ဖော်ပြခဲ့သည်။
Kartas အား ယာယီလွှတ်ပေးရန် နှင့် ခရီးသွားလာခြင်းအားတားဆီးရန် အာဏာပိုင်အဖွဲ့က ဆုံးဖြတ်ခဲ့ကြောင်း တူးနီးရှားနိုင်ငံ တရားသူကြီးအဖွဲ့၏ ပြောရေးဆိုခွင့်ရှိသူ Sufian Sliti က မီဒီယာကိုပြောကြားခဲ့သည်။
စုံစမ်းစစ်ဆေးမှုများကို ပြီးခဲ့သည့်နှစ်မှ စတင်ကာ ပြုလုပ်ခဲ့ပြီး ကာတာစ် ကို ဖမ်းဆီးခဲ့ခြင်းဖြစ်ကြောင်း ပြောရေးဆိုခွင့်ရှိသူက ဖြည့်စွက်ပြောကြားသည်။
Moncef Kartas သည် လစ်ဗျားအပေါ် ကုလသမဂ္ဂ၏ လက်နက်ပိတ်ဆို့မှုများ နှင့် စုံစမ်းစစ်ဆေးရန် ကုလသမဂ္ဂအုပ်စု ၏ အဖွဲ့ဝင်တစ်ဦးဖြစ်ပြီး တူနီးရှားမြို့တွင် မတ်လ ၂၆ရက်ကရောက်ရှိခဲ့သည်။ ၎င်းအား သူလျှိုမှု နှင့် နိုင်ငံခြားအဖွဲ့များနှင့် ဆက်သွယ်မှုတို့ဖြင့် စွပ်စွဲခဲ့သည်။ (Xinhua)