Connect with us

Africa & Middle East

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တို့ တွေ့ဆုံဆွေးနွေး

တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ၀မ်ရိနှင့် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တွေ့ဆုံဆွေးနွေးစဉ် (ဆင်ဟွာ)

ဘီရှကက်၊ မေ ၂၃ ရက်(ဆင်ဟွာ)

တရုတ်နိုင်ငံ နိုင်ငံတော်ကောင်စီဝင်၊နိုင်ငံခြားရေးဝန်ကြီးဌာန ဝန်ကြီး ဝမ်ရိနှင့် အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sushma Swaraj တို့သည် ဘီရှကက်၌ ကျင်းပသည့် ရှန်ဟိုင်း ပူးပေါင်း ဆောင်ရွက်မှု အဖွဲ့အစည်း(SCO) အဖွဲ့ဝင်နိုင်ငံများ နိုင်ငံခြားရေးဝန်ကြီး အစည်းအဝေး တက်ရောက်စဉ် မေ ၂၂ ရက်က တွေ့ဆုံဆွေးနွေးခဲ့ကြောင်း သိရသည်။

ထိုသို့တွေ့ဆုံဆွေးနွေးရာတွင် တရုတ်နိုင်ငံ နိုင်ငံခြားရေးဝန်ကြီး ဝမ်ရိက အိန္ဒိယနိုင်ငံ၏ရွေးကောက်ပွဲ အဆင်ပြေချောမွေ့အောင်မြင်စွာကျင်းပခဲ့သည့်အတွက် ဝမ်းမြောက်ဂုဏ်ပြုပါကြောင်း ၊ အိန္ဒိယ နိုင်ငံအနေဖြင့် အစိုးရသစ်အား ဖွဲ့စည်းကာ တရုတ်-အိန္ဒိယ နှစ်နိုင်ငံ ဆက်ဆံရေး တည်ငြိမ်စွာ ပိုမို ဖွံ့ဖြိုးတိုးတက်လာရန် အကောင်အထည်ဖော် ဆောင်ရွက်သွားစေလိုကြောင်း ပြောကြားခဲ့သည်။ နှစ်နိုင်ငံခေါင်းဆောင်များ ရရှိထားသော သဘောတူညီချက်ကို ကောင်းမွန်စွာ ဖော်ဆောင်ရန် နှစ်နိုင်ငံအဆင့်မြင့်အရာရှိများ နောက်တစ်ဆင့် ဖလှယ်ခြင်း၊ နှစ်နိုင်ငံတွေ့ဆုံဆွေးနွေးမှုစနစ်များကို စောလျင်းစွာအကောင်အထည်ဖော်ခြင်းဖြင့် နယ်စပ်ဒေသ တည်ငြိမ်အေးချမ်းရေးကို ကာကွယ် ထိန်းသိမ်းကြရမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယ၊ပါကစ္စတန် နှစ်နိုင်ငံ၏ အိမ်နီးချင်းဖြစ်သော တရုတ်နိုင်ငံသည် အိန္ဒိယ-ပါကစ္စတန် နှစ်နိုင်ငံ ဆက်ဆံရေးကောင်းမွန်အောင် ဆောင်ရွက်ခြင်းဖြင့် ဒေသတည်ငြိမ်အေးချမ်းရေးကို တွန်းအားပေး ဖော်ဆောင်သွားစေလိုကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံ နိုင်ငံခြားရေးဝန်ကြီး Sushma Swarajကလည်း အိန္ဒိနိုင်ငံ အစိုးရသစ်သည် အိန္ဒိယ-တရုတ်ဆက်ဆံရေးအား ပိုမိုတိုးတက်စေရန် ဦးစားပေးသံတမန်ဆက်ဆံရေးအဖြစ် ဆက်လက် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း၊ နှစ်နိုင်ငံကဏ္ဍစုံပူးပေါင်းဆောင်ရွက်မှုကို တစ်ဆင့်အားဖြည့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း ပြောကြားခဲ့သည်။

အိန္ဒိယနိုင်ငံအနေဖြင့် တရုတ်နိုင်ငံနှင့်အတူ နှစ်နိုင်ငံခေါင်းဆောင်များ၏ သဘောတူညီချက်များကို ဖော်ဆောင်ရန် ဆွေးနွေးညှိနှိုင်းမှုများ၊ လူမှုယဉ်ကျေးမှုဖလှယ်ရေးကဏ္ဍများကို တိုးမြှင့်ဆောင်ရွက် သွားပြီး နယ်စပ်ဒေသတည်ငြိမ်အေးချမ်းရေးကို အတူကာကွယ်ထိန်းသိမ်းသွားလိုကြောင်း၊ နှစ်နိုင်ငံ ဆက်ဆံရေး အဆက်မပြတ် ရှေ့တိုးဖွံ့ဖြိုးရန် တွန်းအားပေးသွားလိုကြောင်းနှင့် ပါကစ္စတန်နိုင်ငံနှင့် ဆက်ဆံရေးကို ကောင်းမွန်အောင်ဆောင်ရွက်သွားလိုသည့်အတွက် နှစ်ဖက်စလုံးမှလည်း ယင်းအတွက် အားထုတ်ဆောင်ရွက်စေလိုကြောင်း ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.