Connect with us

Africa & Middle East

အမေရိကန်နှင့်အီရန်အကြား တင်းမာသည့်အခြေအနေကို ဖြေလျှော့ရန် အီရတ် ကိုယ်စားလှယ်အဖွဲ့ စေလွှတ်ကူညီမည်

အမေရိကန် ရေတပ် လေယာဉ်တင် သင်္ဘောကြီးအား တွေ့ရစဉ်(ဆင်ဟွာ)

ဘဂ္ဂဒက်၊ မေ ၂၂ ရက်(ဆင်ဟွာ)

အမေရိကန်နှင့်အီရန်အကြား တင်းမာသည့်အခြေအနေကို ဖြေလျှော့ရန် အီရတ်က ယင်းနိုင်ငံများသို့ ကိုယ်စားလှယ်အဖွဲ့စေလွှတ်သွားမည်ဖြစ်ကြောင်း အီရတ် ဝန်ကြီးချုပ် Adel Abdul Mahdi က မေ ၂၁ ရက်တွင် ပြောကြားခဲ့သည်။

မေ ၂၁ ရက် ဝန်ကြီးအဖွဲ့အစည်းအဝေးအပြီး သတင်းစာရှင်းလင်းပွဲတွင် ဝန်ကြီးချုပ် Adel Abdul Mahdi က အီရတ်အနေဖြင့် အမေရိကန်နှင့်အီရန်အကြား တင်းမာသည့် အခြေအနေကို ကြိုးပမ်းကူညီဖြေလျှော့ပေးနေကြောင်း ပြောကြားခဲ့သည်။ အီရတ်သည် အမေရိကန်၊အီရန် အဆင့်မြင့်အရာရှိများနှင့် ဆက်သွယ်မှုရှိရာ ၎င်းတို့နှစ်နိုင်ငံ၏တင်းမာမှုများကို ဖြေလျော့သွားရန် တွန်းအားပေး ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

အီရတ် အနေဖြင့် တစ်ဖက်တွင်ရပ်တည်ပြီး အခြားတစ်ဖက်အား ဦးတည်ခြင်း ပြုမည်မဟုတ် ၊ သတင်းစကား ဆင့်ကမ်းခြင်းသာ ဖြစ်ကြောင်း ၊ အမေရိကန်နှင့်အီရန် နှစ်နိုင်ငံစလုံးကလည်း စစ်ပွဲအစပျိုးလိုသည့်ဆန္ဒမရှိဟု ဆိုကြောင်း ဝန်ကြီးချုပ် Adel Abdul Mahdi က ဆိုသည်။

အီရန်နှင့်အမေရိကန် ဆက်ဆံရေးသည် ယခုကာလများတွင် ဆက်တိုက်တင်းမာလျက်ရှိသည်။ ယခုနှစ် ဧပြီတွင် အမေရိကန် က အီရန်အစ္စလာမ္မစ်တော်လှန်ရေး တပ်ဖွဲ့(IRGC)ကို အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ရာ မကြာမီ အီရန်ကလည်း အမေရိကန် ဗဟိုစစ်ဌာနချုပ်နှင့် ၎င်း၏ အနောက်အာရှတွင် အခြေစိုက်ထားသည့် တပ်ဖွဲ့အား အကြမ်းဖက် အဖွဲ့အစည်းအဖြစ် ကြေညာခဲ့ သည်။ မေလ လဆန်းပိုင်းတွင် အမေရိကန်က လေယာဉ်တင် သင်္ဘောနှင့် ဗုံးကြဲလေယာဉ် အထူး တပ်ဖွဲ့ များကို အရှေ့အလယ်ပိုင်းတွင်း တပ်ချထားပြီး အီရန်၏ခြိမ်းခြောက်မှုများကို တုံ့ပြန် သွားမည် ဟု ကြေညာခဲ့သည်။ အီရန်သည် လက်ရှိတွင် အဆင့်မြင့်ဆုံး စစ်ရေးကာကွယ်မှုအနေအထားရှိရာ ခြိမ်းခြောက်မှုများကိုရင်ဆိုင် အသင့်ပြင်ထားပြီး ဖြစ်ကြောင်း အီရန် ကာကွယ်ရေးဝန်ကြီးAmir Hatami က မေ ၁၅ ရက်တွင် ပြောကြာခဲ့သည်။ (Xinhua)