Connect with us

Africa & Middle East

တူရကီနိုင်ငံတွင် သမ္မတ၊ လွှတ်တော် ရွေးကောက်ပွဲများအတွက် စတင်မဲပေး


အန်ကာရာ၊ ဇွန် ၂၄ ရက် (ဆင်ဟွာ)

တူရကီနိုင်ငံတွင် သမ္မတနှင့် လွှတ်တော်ဆိုင်ရာ ရွေးကောက်ပွဲများအတွက် ဇွန်လ ၂၄ ရက် ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီမှစတင်ကာ တူရကီနိုင်ငံသားများက စတင်မဲပေးနေကြပြီဖြစ်ကြောင်း သိရသည်။

တူရကီနိုင်ငံသား ဆန္ဒမဲပေးပိုင်ခွင့်ရှိသူ ၅၉ သန်းက နိုင်ငံတစ်ဝန်းရှိ ဆန္ဒမဲပုံး ၁၈၀,၀၀၀ ကျော်၌ ဆန္ဒမဲပေးကြမည် ဖြစ်သည်။

တူရကီနိုင်ငံ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များ မဲပေးနေကြစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များ မဲပေးနေကြစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များ မဲပေးနေကြစဉ် (ဆင်ဟွာ)

တူရကီနိုင်ငံ ရွေးကောက်ပွဲ၌ မဲဆန္ဒရှင်များ မဲပေးနေကြစဉ် (ဆင်ဟွာ)

မဲရုံများအား ဒေသစံတော်ချိန် ညနေ ၅း၀၀ နာရီတွင် ပိတ်သိမ်းမည် ဖြစ်သည်။ မဲရုံများပိတ်သိမ်းပြီးလျှင်ပြီးချင်း မဲများကို ရေတွက်မည် ဖြစ်သည်။

အဆိုပါ ရွေးကောက်ပွဲများသည် တူရကီခေတ်သစ်နိုင်ငံရေး သမိုင်းကြောင်းတွင် ပါလီမန်စနစ်မှ သမ္မတစနစ်ဆီသို့ ကူးပြောင်းရန် ကဏ္ဍသစ်ဖွင့်လှစ်လိုက်ခြင်းလည်း ဖြစ်ကြောင်း သိရသည်။

၂၀၁၇ ခုနှစ် ဧပြီလ ၁၆ ရက်တွင် အခြေခံဥပဒေဆိုင်ရာ လူထုဆန္ဒခံယူပွဲက တူရကီနိုင်ငံတွင် သမ္မတ၏ လုပ်ပိုင်ခွင့်အာဏာများ ချဲ့ထွင်ရန် ပြောင်းလဲမှုများကို ခွင့်ပြုခဲ့သည်။

လွှတ်တော်ရွေးကောက်ပွဲများတွင် နိုင်ငံရေးပါတီ ၈ ခု ဝင်ရောက်ယှဉ်ပြိုင်ခဲ့ပြီး သမ္မတနေရာအတွက် လက်ရှိသမ္မတ ရီဆပ်တေရစ်ပ် အာဒိုဂန် (Recep Tayyip Erdogan) အပါအဝင် သမ္မတလောင်း ၆ ဦးက ဝင်ရောက်ယှဉ်နေခြင်း ဖြစ်သည်။

လက်ရှိသမ္မတ အာဒိုဂန်သည်၂၀၁၄ ခုနှစ်ကစ၍ တာဝန်ထမ်းဆောင်ခဲ့သည်။ သမ္မတမဖြစ်မီ ၎င်းသည် ဝန်ကြီးချုပ်အဖြစ် ၂၀၀၃ ခုနှစ်မှ ၂၀၁၄ ခုနှစ်အထိ တာဝန်ထမ်းဆောင်ခဲ့သည်။

ဇွန်လ ၂၄ ရက် ရွေးကောက်ပွဲများ၌ အနိုင်ရရှိခဲ့ပါက အာဒိုဂန်သည် သမ္မတစနစ်အောက်တွင် ပထမဆုံး တူရကီနိုင်ငံ သမ္မတ ဖြစ်လာမည်ဖြစ်သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.