Connect with us

Africa & Middle East

အီသီယိုးပီးယားတွင် ယခုကာလများအတွင်း ဖြစ်ပွားသောတိုင်းရင်းသားလူမျိုးစု ပဋိပက္ခများ ကြောင့် သေဆုံးသူ ၂၇ ဦးရှိ

အီသီယိုးပီးယားနိုင်ငံရှိ ဒုက္ခသည်များအား တွေ့ရစဉ် ( ဆင်ဟွာ )

အဒစ် အဘာဘာ ၊ ဇွန် ၂၄ ရက်(ဆင်ဟွာ)

ယခုနှစ် ဧပြီလမှစ၍ အီသီယိုးပီးယားနိုင်ငံ SNNPR ပြည်နယ်တွင် ဖြစ်ပွားသောပဋိပက္ခများကြောင့် သေဆုံးသူ ၂၇ ဦး ရှိပြီး လူ ၆ သိန်းကျော် အိုးမဲ့အိမ်မဲ့ဖြစ်ခဲ့ရကြောင်း ပြည်နယ်အစိုးရ ရဲတပ်ဖွဲ့ တာဝန်ခံက ဇွန် ၂၃ ရက်တွင် ဆင်ဟွာကို ပြောကြားခဲ့သည်။

ရဲတပ်ဖွဲ့က ပဋိပက္ခတွင် ပါဝင်သည်ဟု သံသယရှိသူများကို လိုက်လံဖမ်းဆီးနေပြီး လှုပ်ရှားမှုတွင် ပါဝင်သူများတွေ့ရှိပါက အသိပေးအကြောင်းကြားရန် အများပြည်သူကို နှိုးဆော်ထားသည်ဟု SNNPR ပြည်နယ်ရဲအရာရှိက ဆိုသည်။

ယခုနှစ်ဧပြီလမှစ၍ SNNPR ပြည်နယ်တွင် မြေယာပိုင်ဆိုင်မှု၊ အရင်းအမြစ်ခွဲဝေမှုနှင့်စပ်လျဉ်းပြီး တိုင်းရင်းသားများအကြား ပဋိပက္ခများ အဆက်မပြတ် ဖြစ်ပွားလျက်ရှိရာ ဇွန်လ လဆန်းပိုင်းတွင် SNNPR ပြည်နယ် Hawassaမြို့တွင် တိုင်းရင်းသားလူမျိုးစုနှစ်ခုအကြားဖြစ်ပွားသည့် ပဋိပက္ခကြောင့် သေဆုံးသူ အနည်းဆုံး ၁၀ ဦး ရှိကြောင်း သိရသည်။

အီသီယိုးပီးယားနိုင်ငံအတွင်း တိုင်းရင်းသားလူမျိုးစု ၈၀ ကျော်ရှိပြီး မြေယာ၊ရေအရင်းအမြစ်စသည့် ပြဿနာများ ကြောင့် အချို့တိုင်းရင်းသားလူမျိုးစုများအကြား ပဋိပက္ခရေရှည်ဖြစ်ပွားလျက်ရှိကြောင်း သိရသည်။ (Xinhua)