Africa & Middle East
တူရကီနိုင်ငံ အနောက်တောင်ပိုင်းတွင် ပြင်းအား ၅.၅ ရှိသော ငလျင်လှုပ်
အစ္စတန်ဘူလ်၊ မတ် ၂၀ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ အနောက်တောင်ပိုင်းတွင် မတ်လ ၂၀ ရက်က အင်အား ၅.၅ ပမာဏရှိသော ငလျင်လှုပ်ခတ်ခဲ့ကြောင်းနှင့် ပျက်စီးဆုံးရှုံးမှုမရှိကြောင်း အာဏာပိုင်များက ပြောကြားခဲ့သည်။
အဆိုပါ ငလျင်သည် ဒန်နစ်ဇ်လီပြည်နယ်၊ အေစီပေယမ်ခရိုင်တွင် ဒေသစံတော်ချိန် နံနက် ၉း၃၄ နာရီတွင် လှုပ်ခတ်ခဲ့ခြင်း ဖြစ်ကြောင်း သဘာဝဘေးနှင့် အရေးပေါ် စီမံခန့်ခွဲမှုလုပ်ငန်းက ကြေညာချက်တွင် ပြောကြားထားသည်။
ယင်း ငလျင်လှုပ်ခတ်ပြီးနောက် အင်အား ၄.၈ မှ ၂.၁ ပမာဏရှိသော နောက်ဆက်တွဲငလျင် ၉ ခုလှုပ်ခတ်ခဲ့ကြောင်း အဆိုပါ လုပ်ငန်းမှ ပြောကြားခဲ့သည်။
ငလျင်လှုပ်ခတ်မှုကြောင့် ယင်းဧရိယာတွင် သေဆုံးသူမရှိကြောင်း၊ ကျေးရွာငယ်များရှိ အချို့အဆောက်အအုံများ ပြိုကျခြင်း သို့မဟုတ် ပျက်စီးခြင်းများ ဖြစ်ခဲ့ကြောင်း အေစီပေယမ်ခရိုင် မြို့တော်ဝန် ဟူလူစီ ဆက်ဗ်ကန် (Hulusi Sevkan) က ပြောကြားခဲ့ကြောင်း သတင်းများက ဖော်ပြထားသည်။
ငလျင်ကြောင့် ထိုနယ်မြေရှိ ကျောင်းများအား ပိတ်ခဲ့ကြောင်း NTV ရုပ်သံက သတင်းဖော်ပြခဲ့သည်။ (Xinhua)