Connect with us

Africa & Middle East

အမေရိကန်က ကျောထောက်နောက်ခံပေးထားသောSDF တပ်ဖွဲ့များသည် ဆီးရီးယားရှိ IS၏ နောက်ဆုံးနယ်မြေအား အပြည့်အဝ ထိန်းချုပ်နိုင်တော့မည်

အမေရိကန်နိုင်ငံကကျောထောက်နောက်ခံပေးထားသော ဆီးရီးယားဒီမိုကရက်တစ် (SDF) တပ်ဖွဲ့ဝင် တစ်ချို့အားတွေ့ရစဉ် (ဆင်ဟွာ)

ဒမတ်စကပ်စ်၊ မတ် ၂၁ ရက် (ဆင်ဟွာ)

အမေရိကန်နိုင်ငံကကျောထောက်နောက်ခံပေးထားသော ဆီးရီးယားဒီမိုကရက်တစ် (SDF) တပ်ဖွဲ့ သည် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Euphrates River ဒေသ အရှေ့ရှိ IS တို့ နောက်ဆုံးထိန်းချုပ်ထားသော ဧရိယာကို လုံးဝနီးပါး သိမ်းပိုက်နိုင်တော့မည်ဖြစ်ကြောင်း ကာ့ဒ်လှုပ်ရှားသူများက မတ် ၂၀ရက်တွင် ပြောကြားခဲ့သည်။

SDF တပ်ဖွဲ့သည် နိုင်ငံ အရှေ့တောင်ပိုင်း Deir al-Zour မြို့ ရှိ Baghouz al-Saghyra မြို့နယ် အတွင်း ကျန်ရှိနေသေးသည့် IS စစ်သွေးကြွတပ်ဖွဲ့ဝင် တစ်ချို့ နှင့် တိုက်ပွဲများ ဖြစ်ပွားပြီးနောက် Baghouz al-Saghyra မြို့နယ် အား မတ် ၂၀ရက်တွင် သိမ်းပိုက်ခဲ့ကြောင်း သိရသည်။

အမေရိကန်ဦးဆောင်သော မဟာမိတ်တပ်ဖွဲ့က ကျောထောက်နောက်ခံပေးထားသည့် ကာ့ဒ်လူမျိုးစုများ ဦးဆောင်သော SDF တပ်ဖွဲ့သည် ဆီးရီးယားနိုင်ငံ အရှေ့ပိုင်း Euphrates River ဒေသ မှ IS စစ်သွေးကြွများကို အမြစ်ပြတ်ချေမှုန်းရန် ၂၀၁၈ခုနှစ် စက်တင်ဘာ ကတည်းက ထိုးစစ်ဆင်မှုများ ပြုလုပ်ခဲ့ကြောင်း သိရသည်။

ယခုအခါ IS စစ်သွေးကြွများသည် Baghouz မြို့၏ စိုက်ပျိုးမြေများရှိ သေးငယ်သော ဧရိယာတစ်ခုအတွင်း ဝန်းရံခံထားရကြောင်း သိရသည်။

၂၀၁၈ခုနှစ် ဒီဇင်ဘာမှစ၍ IS တို့နောက်ဆုံးထိန်းချုပ်ထားသော အရှေ့ပိုင်း Euphrates River ဒေသမှ လူထောင်ပေါင်းများစွာ နေရပ်စွန့်ခွာခဲ့ရကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.