Africa & Middle East
တူရကီ တွင် IS ဟု သံသယရှိသူ ၅၅ဦးကို ထိန်းသိမ်း

အစ္စတန်ဘူလ်၊ ဒီဇင်ဘာ ၂၂ ရက် (ဆင်ဟွာ)
တူရကီနိုင်ငံ ရဲတပ်ဖွဲ့ သည် အစ္စတန်ဘူလ်မြို့ နှင့် အနောက်ပိုင်း Izmirမြို့ တွင် ပြုလုပ်ခဲ့သော အကြမ်းဖက်မှု တိုက်ဖျက်ရေး စစ်ဆင်ရေးများအတွင်း IS စစ်သွေးကြွအုပ်စု နှင့် ဆက်စပ်နေသည်ဟု ယူဆရသော သံသယရှိသူ အနည်းဆုံး ၅၅ဦးကို ဒီဇင်ဘာ ၂၁ ရက်က ဖမ်းဆီးထိန်းသိမ်းခဲ့ကြောင်း ပြည်တွင်းမီဒီယာတစ်ခုက ဖော်ပြခဲ့သည်။
စစ်ဆင်ရေးများကို အစ္စတန်ဘူလ်ရှိ နေရာ ၁၂ခု တွင် တစ်ပြိုင်နက်တည်းလုပ်ဆောင် ခဲ့ပြီး ယင်းစစ်ဆင်ရေးများအတွင်း အကြမ်းဖက်တိုက်ခိုက်မှုများလုပ်ဆောင်ရန် စီစဉ်နေသည့် နိုင်ငံခြားသား ၄၅ဦးကို ဖမ်းဆီးနိုင်ခဲ့ကြောင်း နိုင်ငံပိုင် Anadolu သတင်းဋ္ဌာနကဖော်ပြခဲ့သည်။
CNNTurk သတင်းဋ္ဌာန၏ ဖော်ပြချက်အရ Izmirမြို့ အစိုးရရှေ့နေ က မည်သည့်နိုင်ငံသားဖြစ်သည်ကို ထုတ်ဖော်ပြောကြားခြင်းမရှိသော IS အကြမ်းဖက်အဖွဲ့ဝင်ဟု သံသယရှိသူ ၁၁ဦးအား ဖမ်းဆီးရန် ဝရမ်းထုတ်ပေးခဲ့ကြောင်း သိရသည်။
သတင်းဖော်ပြချက်အရ ရဲတပ်ဖွဲ့သည် တရားခံ ၁၀ဦးကို ဖမ်းဆီးနိုင်ခဲ့ပြီး ကျန်တစ်ဦးမှာ လွတ်မြောက်နေဆဲဖြစ်ကြောင်း သိရသည်။
စစ်ဆင်ရေးများအတွင်း အကြမ်းဖက်အုပ်စု နှင့် ဆက်စပ်နေသော ဒစ်ဂျစ်တယ်ပစ္စည်းများ နှင့် စာရွက်စာတမ်းများ ကိုလည်း သိမ်းဆည်းရမိခဲ့ကြောင်း သိရသည်။
နှစ်သစ်ကူးနေ့ရက်သို့ နီးကပ်လာပြီဖြစ်သောကြောင့် အစ္စတန်ဘူလ်မြို့ ရှိ Beyoglu ခရိုင်တွင် လုံခြုံရေးဆောင်ရွက်ချက်များ တိုးမြှင့်ချထားကြောင်း သိရသည်။ (Xinhua)