Connect with us

Africa & Middle East

လစ်ဗျားရှိ ရွှေ့ပြောင်းကလေးငယ် ၃၆,၀၀၀ အကူအညီလိုအပ်

လစ်ဗျားနိုင်ငံမှ ရွှေ့ပြောင်းဒုက္ခသည်များအား တွေ့ရစဉ် (ဆင်ဟွာ)

ထရီပိုလီ၊ ဒီဇင်ဘာ ၁၉ ရက် (ဆင်ဟွာ)

လစ်ဗျားနိုင်ငံရှိ ရွှေ့ပြောင်းကလေးငယ် ၃၆,၀၀၀ မှာ အကူအညီ လိုအပ်နေကြောင်း ကုလသမဂ္ဂ ကလေးများ ရန်ပုံငွေ (UNICEF) နှင့် ရွေ့ပြောင်းသွားလာခြင်းဆိုင်ရာ နိုင်ငံတကာ အဖွဲ့အစည်း (IOM) တို့က ပြောကြားခဲ့သည်။

“လစ်ဗျားက ရွှေ့ပြောင်းကလေးငယ် ၃၆,၀၀၀ ခန့်က အကူအညီတွေ လိုနေပါတယ်။ ဒုက္ခသည် ၄၀၀,၀၀၀ ရှိတဲ့အထဲက ၉ ရာခိုင်နှုန်းက ကလေးတွေဖြစ်ပြီး ကလေးငယ် ၁၄,၀၀၀ ကျော်က မိဘမဲ့အထီးကျန်နေတယ်” ဟု လစ်ဗျားရှိ ကုလသမဂ္ဂ ထောက်ပံ့ရေးမစ်ရှင်က ဒီဇင်ဘာလ ၁၇ ရက်က ပြောကြားခဲ့သည်။

လစ်ဗျားရှိ ရွှေ့ပြောင်းကလေးငယ်များအား ကူညီရန် ကာကွယ်ခြင်း၊ ပညာရေး၊ ရေ၊ မိလ္လာရေဆိုးနုတ်စနစ်နှင့် ကျန်းမာရေး စသည်တို့တွင် ထောက်ပံ့ပေးခြင်းဖြင့် ယူနီဆက် (UNICEF) နှင့် အိုင်အိုအမ် (IOM) တို့ ပူးပေါင်းဆောင်ရွက်မှု မြှင့်တင်လျက်ရှိကြောင်း သိရသည်။

အဆိုပါ အဖွဲ့အစည်း နှစ်ခုသည် ရွှေ့ပြောင်းသူများနှင့် ဒုက္ခသည်များ အပါအဝင် ထိခိုက်လွယ်သော ကလေးငယ်များအတွက် အမျိုးသား ကာကွယ်ဆေးထိုးခြင်း အစီအစဉ်များနှင့် စိတ်ပိုင်းဆိုင်ရာ ထောက်ပံ့မှု လုပ်ဆောင်ရန် အတူတကွ လုပ်ကိုင်နေခြင်း ဖြစ်ကြောင်း မစ်ရှင်က ဆိုသည်။

လစ်ဗျားနိုင်ငံတွင် ဖြုတ်ချခံ ခေါင်းဆောင်ဟောင်း ကဒါဖီ အစိုးရကြောင့် နိုင်ငံတွင်း မလုံခြုံမှုနှင့် ပရမ်းပတာများ ဖြစ်ပွားခဲ့ပြီး ၂၀၁၁ ခုနှစ်နောက်ပိုင်းတွင် စနစ်မကျသောအခြေအနေ မြင့်တက်လာခဲ့ကာ အထူးသဖြင့် အာဖရိကန်လူမျိုးများသည် မြေထဲပင်လယ်အား ဖြတ်ကာ ဥရောပကမ်းခြေများသို့ ဦးတည်ပြီး ရွှေ့ပြောင်းသွားလာမှု များပြားလာခဲ့ကြောင်း သိရသည်။

လစ်ဗျား ရေတပ်က ပင်လယ်ပြင်မှ ကယ်ဆယ်ခဲ့ရသော ရွှေ့ပြောင်းဒုက္ခသည်များအား လက်ခံရေးစင်တာများ၌ ထိန်းသိမ်းထားခဲ့သည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.