Africa & Middle East
တောင်အာဖရိကတွင် မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် ဆယ်ကျော်သက် လူငယ် လေးဦး သေဆုံး
ကိပ် တောင်း၊ မတ် ၂၈ ရက် (ဆင်ဟွာ)
တောင်အာဖရိက နိုင်ငံရှိ ဆယ်ကျော်သက် လူငယ်လေးဦးမှာ မူးယစ်ဆေး အလွန်အကျွံ သုံးစွဲမှုကြောင့် သေဆုံး ခဲ့ကြောင်း ဒေသခံရဲတပ်ဖွဲ့က မတ်လ ၂၇ ရက်က အတည်ပြု ပြောကြားခဲ့သည်။
KwaZulu-Natal ပြည်နယ် Durban မြို့ရှိ KwaMashu မြို့နယ်၌ သေဆုံးနေသည့် အဆိုပါ လူငယ် လေးဦးနှင့် ပတ်သက်၍ စုံစမ်း စစ်ဆေးမှု ပြုလုပ်ပြီးစီးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။
သေဆုံးသူများနှင့် အတူ Mercedes ဟု လူသိများသည့် စိတ်ကြွဆေးအား သုံးစွဲခဲ့ကြသော လူ ၃၆ ဦးမှာလည်း စိုးရိမ်ရသည့် အခြေအနေတွင် ရှိကြောင်း သိရသည်။
အနာဂတ်တွင် မူးယစ်ဆေးဝါးကြောင့် အပြစ်မဲ့သူများ သေဆုံးမှု အနည်းဆုံး ဖြစ်နိုင်ရန် မူးယစ်ဆေးဝါး ဆန့်ကျင်ရေး အထူး ယူနစ်အား ရဲဝန်ကြီးနှင့် ထိပ်တန်း တာဝန်ရှိသူများက အလျင်အမြန် အကောင်အထည် ဖော်သင့်ကြောင်း သတင်း၌ ဖော်ပြထားသည်။ (Xinhua)