Connect with us

Africa & Middle East

ကဘူးလ်ရှိ အာဖဂန်လွှတ်တော်အနီး၌ ဒုံးကျည် ကျရောက်ပေါက်ကွဲ

ကဘူးလ်ရှိ အာဖဂန်လွှတ်တော်အဆောက်အအုံအား မြင်တွေ့ရစဉ်-အင်တာနက်

ကဘူးလ်၊မတ်၂၈ရက်(ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံ ကဘူးလ်မြို့အနောက်ပိုင်း ရှိ အာဖဂန်လွှတ်တော်အဆောက်အအုံ အနီး၌ မတ်လ ၂၈ရက်နေ့က ဒုံးကျည်ကျရောက်ပေါက်ကွဲခဲ့မှု ကြောင့် လူအသေအပျောက်များခဲ့ကြောင်း မျက်မြင်သက်သေ တစ်ဦးက ဆိုသည်။

မျက်မြင်တစ်ဦးဖြစ်သူ Mohammad Sofa က “နံနက် ၁၀း၁၅နာရီလောက်က လွှတ်တော်အဆောက်အအုံသစ် ရဲ့ အနားမှာ ဒုံးကျည်သုံးလုံး ကျရောက်ပေါက်ကွဲခဲ့ပါတယ်။ အနည်းဆုံး ဒုံးကျည်တစ်လုံး ဟာ လွှတ်တော် အဆောက်အအုံ ခြံဝင်းထဲ ကျရောက်ခဲ့တဲ့အတွက် ခြံဝင်းထဲကနေ မီးခိုးမည်းတွေအများကြီး လေထဲ ပြန့်လာပါတယ်” ဟု ဆင်ဟွာသို့ဖြေကြားခဲ့သည်။

“အခု လက်ရှိမှာ ထိခိုက်သေဆုံးမှု နဲ့ပတ်သက်ပြီး အသေးစိတ်ကို မပြောပြနိုင်သေးပါဘူး။ ဒါပေမယ့် ကနဦး စစ်ဆေးတွေ့ရှိချက်များအရတော့ လွှတ်တော် ခြံဝင်းထဲမှာ ပေါက်ကွဲခဲ့တဲ့ ဒုံးကျည်ကြောင့် တစ်စုံတစ်ယောက်မှ ထိခိုက်ဒဏ်ရာရရှိခြင်း မရှိပါဘူး” ဟု လုံခြုံရေး တပ်ဖွဲ့ဝင် တစ်ဦးက ဆင်ဟွာသို့ပြောကြားခဲ့သည်။
အောက်လွှတ်တော် အမတ် Wolesi Jirga က လွှတ်တော်အတွင်း အစည်းအဝေး တစ်ခု ကျင်းပနေစဉ် ထိုသို့ဖြစ်ပွားခဲ့ကြောင်း ပြောကြားခဲ့သည်။
လက်ရှိတွင် ယင်းတိုက်ခိုက်မှုသည် မည်သည့် အဖွဲ့အစည်း၏ လက်ချက်ဖြစ်ကြောင်း မသိရှိသေးသော်လည်း တာလီဘန် စစ်သွေးကြွ အုပ်စုက အလားတူ တိုက်ခိုက်မှုမျိုးကို အရင်ကပြုလုပ်ခဲ့ဖူးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.