Africa & Middle East
ဒမားစကက် တောင်ဘက်တွင် ဗုံး သုံးလုံးပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈၃ ဦးရှိလာ

ဒမားစကက်၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)
ဆီးရီးယားနိုင်ငံ ဒမားစကက်ရှိ ရှီအိုက်ခရိုင်တွင် ဖေဖော်ဝါရီ ၂၁ ရက်က ဗုံး သုံးလုံး ဆက်တိုက် ပေါက်ကွဲမှုကြောင့် သေဆုံးသူ ၈၃ ဦးအထိ ရှိလာပြီဖြစ်ကြောင်း နိုင်ငံပိုင် သတင်းအေဂျင်စီ SANA တွင် ဖော်ပြထားသည်။
ရှီအိုက်တို့အများဆုံး နေထိုင်လျက်ရှိသော ဒမားစကက်တောင်ပိုင်း Sayyidah Zaynab ခရိုင်အတွင်း ဗုံးသုံးလုံး ဆက်တိုက်ပေါက်ကွဲခဲ့ရာ လူပေါင်း ၁၇၈ ဦး ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ပထမဆုံး ကားဗုံးပေါက်ကွဲမှု ဖြစ်ခဲ့ပြီးနောက် အသေခံဗုံးဖောက်ခွဲသူနှစ်ဦးကြောင့် ဗုံးပေါက်ကွဲမှုများ ဆက်တိုက် ဖြစ်ခဲ့ပြီး အဆိုပါ ဗုံးပေါက်ကွဲမှုမှာ Teen လမ်းရှိ Al-Sader ဆေးရုံ အနီး၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။
Sayyidah Zaynab ခရိုင်တွင် ပရောဖက် မိုဟာမက်၏ မြေး Zaynab ၏ဂူသင်္ခ ျိုင်း အပါအဝင် အစ္စလာမ် ဘာ သာဝင်များ၏ အဓိက အထွဋ်အမြတ်ထားရာ ကျောင်းဆောင်တစ်ခုနှင့် နေအိမ်များရှိကြောင်း သိရသည်။
Sayyidah Zaynab ဂူသချုႋင်း မှာ ကမ္ဘာအနှံ့ရှိ ရှီအိုက် မူဆလင် ဘာသာဝင်များ လာရောက် ဝတ်ပြုကိုးကွယ်ရာ နေရာတစ်ခုလည်း ဖြစ်သည်။
လွန်ခဲ့သော လကလည်း ယင်းဒေသ ၌ ပေါက်ကွဲမှု နှစ်ကြိမ်ဖြစ်ပွားခဲ့ရာ လူပေါင်း ၄၅ ဦး သေဆုံးခဲ့ပြီး ၁၀၀ ကျော် ဒဏ်ရာရရှိခဲ့ကြောင်း သိရသည်။
ယခု ဗုံးပေါက်ကွဲမှုမှာ ဆီးရီးယား အစိုးရ ထိန်းချုပ်ထားသော ဟုမ်းစ်မြို့ရှိ ဇာရာ ခရိုင်တွင် ဖြစ်ပွားခဲ့သော လူ ၅၇ ဦးသေဆုံးခဲ့ရသည့် ဗုံးနှစ်လုံးတွဲ ပေါက်ကွဲမှု ဖြစ်ပြီး နာရီပိုင်းအကြာ၌ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ (Xinhua)