Connect with us

Africa & Middle East

PKK အကြမ်းဖက်အဖွဲ့မှ ဖမ်းဆီးထားသည့် တူရကီ ဂျာနယ်လစ် ၃ ဦးအား ပြန်လွှတ်ပေး

အဆိုးရွားဆုံးသော အကြမ်းဖက်မှုများဖြစ်ပွားခဲ့သည့် တူရကီနိုင်ငံ အရှေ့တောင်ပိုင်းရှိ မြို့တစ်မြို့အား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အန်ကာရာ၊ ဖေဖော်ဝါရီ ၂၂ ရက် (ဆင်ဟွာ)

ကာ့ဒ် အလုပ်သမားများပါတီ (PKK) အကြမ်းဖက်အဖွဲ့သည် ဖေဖော်ဝါရီ၁၉ ရက်နေ့က တူရကီနိုင်ငံ အရှေ့တောင်ပိုင်း တွင် ဖမ်းဆီးပြန်ပေးဆွဲခဲ့သည့် တူရကီ ဂျာနယ်လစ် ၃ဦးအား ဖေဖော်ဝါရီ ၂၁ ရက်နေ့တွင် ပြန်လွှတ်ပေးခဲ့ ကြောင်း Dogan သတင်းဌာန က ထုတ်ပြန်ခဲ့သည်။

PKK အကြမ်းဖက်အဖွဲ့ဝင်များသည် တူရကီနိုင်ငံ အရှေ့တောင်ပိုင်း Mardin ပြည်နယ်၊ Nusaybin မြို့တွင် Anatolia သတင်းဌာန မှ ဂျာနယ်လစ် ၃ဦးအား ၄၈နာရီကြာ ထိန်းသိမ်းထားခဲ့ကြောင်း သိရသည်။

ပြန်ပေးဆွဲခံရသူ ၃ဦးသည် စစ်ပွဲများအတွင်း သတင်းယူရန် လေ့ကျင့်ပေးခြင်းခံနေရသူများဖြစ်ပြီး Mardin ပြည်နယ်တွင် အလုပ်လုပ်နေချိန်၌ ဖမ်းဆီးခံရခြင်းဖြစ်ကြောင်း သိရသည်။

ဖေဖော်ဝါရီလ ၁၇ရက်နေ့တွင် တူရကီနိုင်ငံ မြို့တော် အန်ကာရာတွင် ပြင်းထန်စွာ ဗုံးပေါက်ကွဲမှုကြောင့် လူ ၂၈ဦးသေဆုံးပြီး ၈၀ကျော် ဒဏ်ရာ ရရှိခဲ့ကြောင်း သိရသည်။

တူရကီနိုင်ငံ အရှေ့တောင်ပိုင်း သည် ဆယ်စုနှစ် ၂ခုအတွင်း အဆိုးရွားဆုံးသော အကြမ်းဖက်မှုများဖြစ်ပွားခဲ့ပြီး ၁၉၈၄ခုနှစ်မှ စ၍ အစိုးရနှင့် PKK ကြား ပဋိပက္ခများကြောင့် လူပေါင်း ၄၀,၀၀၀ကျော် သေဆုံးခဲ့ရပြီးဖြစ်သည်။

PKK အဖွဲ့သည် တူရကီနိုင်ငံ၊ အမေရိကန်နိုင်ငံ နှင့် ဥရောပသမဂ္ဂတို့မှ အကြမ်းဖက်အုပ်စု အဖြစ် သတ်မှတ်ထားသည့် အဖွဲ့တစ်ခုဖြစ်ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.