Connect with us

Africa & Middle East

နိုင်ဂျာ နိုင်ငံ ရေကြီးရေလျှံမှု ကြောင့် သေဆုံးသူပေါင်း ၂၃ ဦး အထိ ရောက်ရှိလာ

နိုင်ဂျာ နိုင်ငံ တွင် ရေကြီးရေလျှံမှု ဖြစ်ပွား သည် ကို မြင်တွေ့ရစဉ်(ဆင်ဟွာ)

အဘီဒီဂျန်(Abidjan) ၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

နိုင်ဂျာ နိုင်ငံ ဆိုင်ရာ ကုလသမဂ္ဂ လူသားချင်း စာနာထောက်ထားမှု အဖွဲ့ရုံး က ဇူလိုင်လ ၁၉ ရက်နေ့၌ ထုတ်ပြန်ခဲ့သည့် ကြေညာချက်တွင် နိုင်ဂျာ နိုင်ငံ တွင် ပြီးခဲ့သည့် ဇွန်လ မှ စတင်၍ တစ်နိုင်ငံလုံး အတိုင်းအတာ မိုးသည်းထန်စွာ ရွာသွန်း ခဲ့သောကြောင့် နေရာ အနှံ့အပြား တွင် ရေကြီး ရေလျှံမှု ဖြစ်ပွား ခဲ့ကာ လက်ရှိအချိန်ထိ သေဆုံးသူပေါင်း ၂၃ ဦး ရှိလာခဲ့ပြီး လူပေါင်း ၂ သောင်းခန့် ဘေးဒုက္ခရောက် ခဲ့ကြောင်း ထုတ်ပြန်ကြေညာ ခဲ့သည်။

ထုတ်ပြန်ချက်တွင် အစိုးရ ၏ သတင်းအချက်အလက် များအရ နိုင်ဂျာ နိုင်ငံ မြို့တော် နှင့် နိုင်ငံ အနောက်ပိုင်း ဒေသ များသည် ရေဘေးဒုက္ခ ပိုမို ဆိုးရွား ခဲ့ပြီး ရေဘေးကြောင့် နေအိမ်ပေါင်း ၂၄၀၀ ကျော် ပျက်ဆီး ခဲ့ရကာ ဘေးဒုက္ခ ကို ဖြေရှင်းရန် အတွက် အစိုးရ မှ အရေးပေါ် စားနပ်ရိက္ခာ နှင့် ကယ်ဆယ်ရေး ပစ္စည်းများ ကို ပို့ဆောင် ပေးခဲ့ပြီး ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

ထို့ပြင် ထုတ်ပြန်ချက်တွင် Tahoua ပြည်နယ် အတွင်းရှိ ဒေသ နှစ်ခု တွင် အိမ်မွေး တိရစ္ဆာန်ပေါင်း ၄၀၀၀ ကျော် သည် ရေဘေးကြောင့် မျောပါသွား ခဲ့ပြီး အချိန်မှီ ဖြေရှင်းမှု မပြုလုပ် နိုင်ပါက ရေထု ညစ်ညမ်းမှု ဖြစ်ပွားစေမည်ဖြစ်ကာ ကာလဝမ်းရောဂါ နှင့် အခြား ကူးစက်ရောဂါများ ဖြစ်ပွား လာနိုင်မည် ဖြစ်ကြောင်း ပါဝင် ခဲ့သည်။

နိုင်ဂျာ နိုင်ငံ တွင် နှစ်စဉ် ဇူလိုင်လ မှ စက်တင်ဘာလ အထိသည် မိုးရာသီ ကာလဖြစ်ပြီး ၂၀၁၂ ခုနှစ်တွင် နိုင်ဂျာ နိုင်ငံ ၌ ဖြစ်ပွား ခဲ့သည့် ရေဘေးကြောင်း လူပေါင်း ၈၈ ဦး သေဆုံးကာ ၅၅၀,၀၀၀ ကျော် ရေဘေး ဒုက္ခ ခံစား ခဲ့ရကြောင်း သိရှိရသည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.