Connect with us

Africa & Middle East

အစ္စရေးက ဆီးရီးယား ပြည်သူများအား ကုသပေးရန် နယ်စပ်၌ ဆေးရုံတည်ဆောက်ရန် စီစဉ်

အစ္စရေးနိုင်ငံ နှင့် ဆီးရီးယားနိုင်ငံ နှစ်နိုင်ငံကြား နယ်စပ်အားတွေ့ရစဉ် (ဆင်ဟွာ)

ဂျေရုဆလင်၊ ဇူလိုင် ၂၀ ရက် (ဆင်ဟွာ)

အစ္စရေးနိုင်ငံသည် စစ်ပွဲဒဏ်ခံနေရသော ဆီးရီးယားဘက်မှ ပြည်သူများအား ဆေးကုသမှုပေးရန် ဆီးရီးယားနိုင်ငံ နှင့် နယ်စပ်မျဉ်းတစ်လျှောက် ဂိုလန်ကုန်းမြင့်ဒေသ ၌ ဆေးရုံတစ်ရုံ တည်ဆောက်ရန် စီစဉ်ထားကြောင်း အစ္စရေးစစ်တပ်က ဇူလိုင် ၁၉ ရက်တွင်ပြောကြားခဲ့သည်။

ဆေးရုံအသစ်အား ဆီးရီးယားဘက်ခြမ်းက ခြံစည်းရိုး နှင့် အစ္စရေးက ၁၉၆၇ခုနှစ်တွင် သိမ်းပိုက်ခဲ့သော ဂိုလန်ကုန်းမြင့်ဒေသရှိ အစ္စရေးဘက်ခြမ်းက နယ်နိမိတ်မျဉ်းပေါ်တွင် တည်ဆောက်မည်ဖြစ်ကြောင်း စစ်ဘက်အရင်းအမြစ်တစ်ခုက ပြောကြားခဲ့သည်။

အစ္စရေးစစ်တပ်က နယ်နိမိတ်မျဉ်းကို ဖြတ်၍ အစားအစာ၊ အဝတ်အထည်၊ လောင်စာဆီ နှင့် မီးစက်ကဲ့သို့ စက်ပစ္စည်းများ တန်ရာပေါင်းများစွာအပါအဝင် လူသားချင်းစာနာထောက်ထားမှု အထောက်အပံ့ပစ္စည်းများ ပေးပို့ခြင်းလုပ်ငန်းစဉ်များတွင် ယင်းဆေးရုံတည်ဆောက်ခြင်းသည်လည်း ပါဝင်ကြောင်း ပြောကြားခဲ့သည်။

၂၀၁၆ခုနှစ် သြဂုတ်လမှစ၍ အလားတူ ထောက်ပံ့ရေးလုပ်ငန်းစဉ် ၁၁၀ကျော်ကို စစ်တပ် နှင့် ထောက်ပံ့ရေးအဖွဲ့များပူးပေါင်း၍ လုပ်ဆောင်ပေးခဲ့ပြီးဖြစ်ကြောင်း စစ်တပ်ကပြောကြားခဲ့သည်။

ဆီးရီးယားဘက်ခြမ်းရှိ ဂိုလန်ကုန်းမြင့် ဒေသအရေးနှင့်ပတ်သက်၍ ဆီးရီးယားက အစ္စရေးအပေါ် သဘာထားများ ပျော့ပျောင်းလာစေရန် ဆီးရီးယားဘက်မှ ဒဏ်ရာရရှိသူများကို ကာလကြာရှည်ကပင် ဆေးကုသပေးခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.