Connect with us

Africa & Middle East

နိုင်ဂျီးရီးယားတွင် လူမျိုးစုပဋိပက္ခများကြောင့် အနည်းဆုံး လူ ၅၅ ဦးသေဆုံး

လူမျိုးစုပဋိပက္ခဖြစ်ပွားခဲ့သည့် နိုင်ဂျီးရီးယားရှိ ကျေးရွာတစ်ရွာအား တွေ့ရစဉ်(ဓါတ်ပုံ- အင်တာနက်)

အဘူဂျာ ၊ အောက်တိုဘာ ၂၁ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ မြောက်ပိုင်း Kadunaပြည်နယ်တွင် လွန်ခဲ့သည့်ရက်အနည်းငယ်ခန့်က ဖြစ်ပွားသည့် လူမျိုးစုပဋိပက္ခကြောင့် သေဆုံးသူ အနည်းဆုံး ၅၅ ဦး ရှိကြောင်း ရဲတပ်ဖွဲ့က အောက်တိုဘာ ၂၀ ရက်တွင် အတည်ပြုပြောကြားခဲ့သည်။

အချင်းဖြစ်ပွားမှုသည် Kadunaပြည်နယ် မြို့တော်နှင့် ၃၀ကီလိုမီတာ ကျော် ဝေးသည့် ရွာဈေးတစ်ခုတွင် အောက်တိုဘာ ၁၈ ရက် ဖြစ်ပွားခဲ့ခြင်းဖြစ်သည်။ ပြစ်မှုကျူးလွန်သည်ဟု သံသယရှိသူ ၂၂ ဦး ကို ဖမ်းဆီးထားပြီးအခြားသူများအား လိုက်လံရှာဖွေဖမ်းဆီးလျက်ရှိကြောင်း ယင်းပြည်နယ်ရဲဘက် ဆိုင်ရာ ပြောရေးဆိုခွင့်ရှိသူ Yakubu Sabo Abubakarက ဆင်ဟွာသို့ ဖုန်းမှတစ်ဆင့်ပြောကြားခဲ့ သည်။

ပဋိပက္ခဖြစ်ပွားရာနေရာတွင် တွေ့ရှိရသည် အလောင်း ၅၅ လောင်း စလုံးမှာ မည်သူမည်ဝါဆိုသည်ကို မသိရလောက်အောင် မီးလောင်ကျွမ်းခံထားရကြောင်း ၊ ထိုသို့ အကြမ်းဖက် လုပ်ဆောင်မှုကိုလည်း အပြစ်တင်ရှုတ်ချကြောင်း Kadunaပြည်နယ် အရာရှိ Nasir El-Rufaiက ပြောဆိုခဲ့သည်။လူမျိုးစုနှစ်ခုအကြား လူငယ်များ ဈေးနေရာလုရာမှတစ်ဆင့် စတင်ဖြစ်ပွားခဲ့ပြီး ှ နောက်ပိုင်းတွင် ထိန်းမနိုင် သိမ်းမရဖြစ်ပြီး လူမျိုးစုနှစ်ခုအကြား ပဋိပက္ခအဖြစ်သို့ ပြောင်းလဲလာခြင်းဖြစ်ကြောင်း ဒေသခံမီဒီယာများက ဖော်ပြထားသည်။

အချင်းဖြစ်ပွားပြီးနောက် Kadunaပြည်နယ် အစိုးရက ညမထွက်ရအမိန့်ကို ထုတ်ပြန်ထားကြောင်း သိရသည်။ သမိုင်းကြောင်းနောက်ခံ၊ သယံဇာတခွဲဝေမှုများကြောင့် နိုင်ဂျီးရီးယားတွင် လူမျိုးစုများအကြား ကာလရှည်ကြာ ပဋိပက္ခများဖြစ်ပွားလျက်ရှိရာ နှစ်စဉ် လူများစွာသေဆုံးဒဏ်ရာရမှုများ ဖြစ်ပွားလျက်ရှိသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.