Connect with us

Africa & Middle East

အာဖဂန် ရွေးကောက်ပွဲ မဲပေးခြင်း ဒုတိယမြောက်နေ့တွင် လမ်းဘေးဗုံးပေါက်ကွဲမှုကြောင့် လူ ၁၁ ဦး သေဆုံး

အာဖဂန် လွှတ်တော်ရွေးကောက်ပွဲ၌ မဲပေးနေသူအား တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

ဂျလာလာဘတ်၊ အာဖဂန်နစ္စတန်၊ အောက်တိုဘာ ၂၁ ရက် (ဆင်ဟွာ)

အာဖဂန်နစ္စတန်နိုင်ငံတွင် လွှတ်တော်ရွေးကောက်ပွဲ ဒုတိယနေ့အဖြစ် ပြည်နယ် ၃၄ ခုအနက် ၁၄ ခုတွင် အောက်တိုဘာလ ၂၁ ရက်တွင် မဲပေးမှုဆက်လက်ကျင်းပခဲ့စဉ် နိုင်ငံအရှေ့ပိုင်း Nagharhar ပြည်နယ်တွင် လမ်းဘေးဗုံးတစ်လုံးပေါက်ကွဲမှုကြောင့် အရပ်သား ၁၁ ဦး သေဆုံးခဲံကြောင်း ပြည်နယ်ဆိုင်ရာ တာဝန်ရှိသူ Attaullah Khogiani က ပြောကြားခဲ့သည်။

Kandahar နှင့် Ghazni ပြည်နယ်များတွင်မူ လုံခြုံရေးအကြောင်းပြချက်များကြောင့် ရွေးကောက်ပွဲကို ရွှေ့ဆိုင်းထားခဲ့သည်။“Achin ခရိုင်မှာ ဒီနေ့ ဒေသစံတော်ချိန် မနက် ၁၁း၀၀ နာရီလောက်က အရပ်သားတစ်ဦးရဲ့ကားမှာ စစ်သွေးကြွတွေက မိုင်းထောင်ထားခဲ့တာ။ အမျိုးသမီးတစ်ဦးနဲ့ ကလေးခြောက်ဦးအပါအဝင် အရပ်သား ၁၁ ဦး သေဆုံးသွားတယ်” ဟု Khogiani က ဆင်ဟွာသို့ ပြောခဲ့သည်။

ရွေးကောက်ပွဲ မဲပေးခြင်းကို နှောင့်ယှက်မည်ဟု တာလီဘန်စစ်သွေးကြွများက ကြွေးကြော်ထားပြီး အောက်တိုဘာလ ၂၀ ရက် ရွေးကောက်ပွဲ ပထမနေ့တွင် တိုက်ခိုက်မှု ၁၆၈ ခု လုပ်ဆောင်ခဲ့ကာ လူသေဆုံးမှုများရှိခဲ့ကြောင်း၊ Nangarhar လမ်းဘေးဗုံးဖောက်ခွဲမှုနှင့်ပတ်သက်၍ မှတ်ချက်ပြုပြောကြားခဲ့ခြင်း မရှိသေးကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.