Connect with us

Africa & Middle East

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်းတွင် ရွေးကောက်ပွဲများ မစတင်မီ ပေါက်ကွဲသံများကြားရ

နိုင်ဂျီးရီးယားနိုင်ငံ ရွေးကောက်ပွဲတွင် မဲဆန္ဒရှင်တစ်ဦး မဲထည့်နေသည်ကို တွေ့ရစဉ် (ဓာတ်ပုံ-အင်တာနက်)

အဘူဂျာ၊ ဖေဖော်ဝါရီ ၂၃ ရက် (ဆင်ဟွာ)

နိုင်ဂျီးရီးယားနိုင်ငံ အရှေ့မြောက်ပိုင်း မိုင်ဒူဂူရီမြို့တွင် သမ္မတရွေးကောက်ပွဲနှင့် လွှတ်တော် ရွေးကောက်ပွဲများ မစတင်မီ ဖေဖော်ဝါရီလ ၂၃ ရက် နံနက်အစောပိုင်းက ပေါက်ကွဲသံများ ကြားခဲ့ရကြောင်း ဒေသခံမီဒီယာများက သတင်းဖော်ပြခဲ့သည်။

ပေါက်ကွဲမှုများမှာ ဘော်နိုပြည်နယ်၏ အကြီးဆုံးမြို့နှင့် မြို့တော် မိုင်ဒူဂူရီတွင် ဒေသစံတော်ချိန် နံနက် ၆း၀၀ နာရီဝန်းကျင်က ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။ အဆိုပါ နေရာသည် ဘိုကိုဟာရမ် စစ်သွေးကြွအုပ်စု၏ မူလဇစ်မြစ်လည်း ဖြစ်သည်။

နိုင်ဂျီးရီးယားနိုင်ငံသား ၁၂၀,၀၀၀ နီးပါးတို့သည် ဒေသစံတော်ချိန် နံနက် ၈း၀၀ နာရီတွင် ၎င်းတို့၏ ဆန္ဒမဲများ စတင်ပေးခဲ့ကြသည်။ထို ရွေးကောက်ပွဲများမှာ စီစဉ်ထားသည့်အတိုင်း မပြုလုပ်နိုင်သည့်အတွက် သီတင်းပတ်တစ်ပတ် နှောင့်နှေးခဲ့ခြင်း ဖြစ်သည်။

လက်ရှိသမ္မတ မူဟာမတ်ဒူ ဘူဟာရီ (Muhammadu Buhart) က ဒုတိယသက်တမ်းအတွက် ၎င်း၏ဇာတိဖြစ်သော နိုင်ငံမြောက်ပိုင်း ဒေါ်ရာမြို့မှနေ၍ ဝင်ရောက်အရွေးခံလျက်ရှိကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.