Connect with us

Africa & Middle East

ဆူဒန်နိုင်ငံ သမ္မတမှ ဝန်ကြီးချုပ်နှင့် ပထမ ဒုတိယသမ္မတ ရာထူး ခန့်အပ်

သမ္မတOmar al-Bashirက ဆူဒန်နိုင်ငံ ခါတွန်မြို့တွင် နိုင်ငံတော်အရေးပေါ်ကာလအဖြစ် ကြေညာနေစဉ် (ဆင်ဟွာ)

ခါတွန် ၊ ဖေဖော်ဝါရီ ၂၄ ရက်(ဆင်ဟွာ)

ဆူဒန်နိုင်ငံသမ္မတOmar al-Bashirက ဖေဖော်ဝါရီ ၂၃ ရက်တွင် Mohamed Tahir Ayala အား ဝန်ကြီးချုပ်အဖြစ်လည်းကောင်း ၊ Ahmed Ibn Auf အား ပထမဒုတိယသမ္မတနှင့် ကာကွယ်ရေး ဝန်ကြီးအဖြစ်လည်းကောင်း ခန့်အပ်ကြောင်းကြေညာခဲ့သည်ဟု သိရသည်။

Mohamed Tahir Ayala သည် ဆူဒန်နိုင်ငံ လမ်းတံတားဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်းကောင်း ၊ ပြည်ပကုန်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ်လည်း ၊ ဆက်သွယ်ရေးဝန်ကြီးဌာန ဝန်ကြီးအဖြစ် လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့သလို Red Sea ပြည်နယ်၊ Gezira Statesပြည်နယ်၏ ပြည်နယ်မှူးအဖြစ်လည်းကောင်း တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

Ahmed Ibn Aufသည် ယခင် ဖျက်သိမ်းခဲ့သည် အစိုးရလက်ထက်တွင် ကာကွယ်ရေးဝန်ကြီးအဖြစ် တာဝန်ထမ်းဆောင်ခဲ့ကြောင်း သိရသည်။

Omar al-Bashirသည် ဖေဖော်ဝါရီ ၂၂ ရက်က ရုပ်မြင်သံကြားမှတစ်ဆင့် ဆူဒန်နိုင်ငံကို ၁ နှစ် အရေးပေါ်ကာလအဖြစ်ကြေညာခဲ့သလို ဗဟိုအစိုးရနှင့် ပြည်နယ်အစိုးရအဖွဲ့များကို ဖျက်သိမ်းသည်ဟု တစ်နိုင်ငံလုံးအား ပြောကြားခဲ့ကြောင်း သိရသည်။ (Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.