Connect with us

Africa & Middle East

နိုင်ဂျီးရီးယား ကာကွယ်ရေး အကြီးအကဲဟောင်း အသတ်ခံရမှုအား စုံစမ်းရန် တိုက်တွန်း

နိုင်ဂျီးရီးယား နိုင်ငံ အဘူဂျာမြို့ ရှိ မီးရထား ဘူတာရုံ တစ်ခုအား တွေ့ ရစဉ်(ဆင်ဟွာ)

လာဂို့စ် ၊ ဒီဇင်ဘာ ၂၂ ရက်(ဆင်ဟွာ)

နိုင်ဂျီးရီးယား နိုင်ငံ မြို့တော် အဘူဂျာ အနီးတွင် နိုင်ဂျီးရီးယား ကာကွယ်ရေး အကြီးအကဲဟောင်း Alex Badeh ကို အမည်မသိ သေနတ်သမားက ဒီဇင်ဘာ ၁၈ ရက်တွင် ချောင်းမြောင်းတိုက်ခိုက်ခဲ့ခြင်းကြောင့် သေဆုံးခဲ့မှု အပေါ် စုံစမ်းမှုများ ပြုလုပ်ရန် တိုက်တွန်းခဲ့ကြကြောင်း သိရသည်။

နိုင်ဂျီးရီးယား ကာကွယ်ရေး အကြီးအကဲဟောင်း အဲလက်စ် ဘာဒါ (Alex Badeh)သည် ၎င်း၏ လယ်ကွင်းမှ ပြန်လာစဉ် နိုင်ဂျီးရီယား အလယ်ပိုင်း အဘူဂျာ-ခက်ဖ်ဖီ(Abuja-Keffi)အဝေးပြေးလမ်းပေါ်တွင် ၎င်း၏ မော်တော်ယာဉ်အား သေနတ်သမား၏ တိုက်ခိုက်မှု ခံခဲ့ရပြီးနောက် သေနတ် ဒဏ်ရာဖြင့် သေဆုံးသွားခဲ့ခြင်း ဖြစ်ကြောင်း သိရသည်။

နိုင်ဂျီးရီးယား ကာကွယ်ရေး ဦးစီးချုပ်ဟောင်း နှင့် လေတပ် ဗိုလ်ချုပ်ကြီးဟောင်း အသတ်ခံရမှုသည် နိုင်ဂျီးရီယား နိုင်ငံ အလယ်ပိုင်း Plateau ပြည်နယ်တွင် စစ်တပ် အုပ်ချုပ်ရေး အကြီးအကဲဟောင်း ဖြစ်သူ အငြိမ်းစား ဗိုလ်ချုပ် အီဒရစ် အယ်လ်ကာလီ(Idris Alkali) ချောင်းမြောင်း တိုက်ခိုက် သတ်ဖြတ် ခံရပြီး လအနည်းငယ် အကြာတွင် ထပ်မံ ဖြစ်ပွားခဲ့ခြင်း ဖြစ်သည်။

နိုင်ဂျီးရီးယား နိုင်ငံ၏ အဓိက အတိုက်အခံ ပါတီ ဖြစ်သော ပြည်သူ့ဒီမိုကရက်တစ် ပါတီ (PDP) က ထုတ်ပြန်ချက် တစ်ရပ်တွင် ဘာဒါ(Badeh)အသတ်ခံရမှု အပေါ် အကြီးအကျယ် တုန်လှုပ်မိကြောင်း နှင့် နိုင်ငံ အတွက် ဆုံးရှုံးမှု တစ်ရပ် ဖြစ်ကြောင်း ဖော်ပြခဲ့သည်။

လေတပ်၏ ပြောရေးဆိုခွင့် ရှိသူ အီဘစ်ခွန်လယ် ဒါရမ်မိုလာ(Ibikunle Daramola)က အဆိုပါ ချောင်းမြောင်း သတ်ဖြတ်မှု အပေါ် စုံစမ်းမှုမှာ သိသိသာသာ တိုးတက်မှု ရှိခဲ့ပြီး အသေးစိတ် အချက်များကို သင့်လျော်သည့် အချိန်တွင် အကြောင်းကြား ပေးသွားမည် ဖြစ်ကြောင်း ဆင်ဟွာမှ ရရှိခဲ့သော ထုတ်ပြန်ချက်တွင် ဖော်ပြခဲ့သည်။

နိုင်ဂျီးရီးယား လေတပ် အနေဖြင့် ကာကွယ်ရေး အကြီးအကဲဟောင်း၏ သေဆုံးမှုတွင် ပတ်ဝန်းကျင် အခြေအနေများကို ဆုံးဖြတ် နိုင်ရန် အခြား ဆက်စပ်နေသော လုံခြုံရေး အေဂျင်စီများ နှင့် နီးကပ်စွာ လက်တွဲ လုပ်ဆောင်နေကြောင်းကိုလည်း ၎င်းက ထပ်မံ ပြောကြားခဲ့သည်။(Xinhua)

Continue Reading
Click to comment

Leave a Reply

Your email address will not be published. Required fields are marked *

This site uses Akismet to reduce spam. Learn how your comment data is processed.