Connect with us

Africa & Middle East

မိုဂါဒစ်ရှူးမြို့ရှိ သမ္မတ အိမ်တော်အနီးဖြစ်ပွားခဲ့သည့် ပေါက်ကွဲမှုကြောင့် လူ ၈ ဦးထက်မနည်းသေဆုံး

မိုဂါဒ်စရှူးမြို့တွင် နိုဝင်ဘာလက ကားဗုံးပေါက်ကွဲမှုတစ်ခုအား တွေ့ရစဉ် (ဆင်ဟွာ)

မိုဂါဒစ်ရှူး၊ ဒီဇင်ဘာလ ၂၂ ရက် (ဆင်ဟွာ)

ဆိုမာလီနိုင်ငံ မြို့တော် မိုဂါဒစ်ရှူးရှိ သမ္မတနန်းတော်အနီးတွင် ဒီဇင်ဘာလ ၂၂ ရက်နံနက်ပိုင်းက အသေခံကားဗုံးပေါက်ကွဲမှုနှစ်ခု ဖြစ်ပွားခဲ့ပြီး လူ ၈ ဦးထက်မနည်းသေဆုံးခဲ့ကြောင်း ရဲတပ်ဖွဲ့က ပြောကြားခဲ့သည်။

ပေါက်ကွဲမှုနှစ်ခုကြောင့် သေဆုံးသူနှင့် ဒဏ်ရာရသူအရေအတွက် မြင့်တက်နိုင်ကြောင်း အမည်မဖော်လိုသူ ရဲအရာရှိတစ်ဦးက ဆင်ဟွာသို့ ပြောကြားခဲ့သည်။

“ပေါက်ကွဲမှုတွေကြောင့် လက်ရှိမှာ သေဆုံးသူ အနည်းဆုံး ၈ ဦးလောက်ရှိတယ်လို့ သိရပေမယ့် နောက်ပိုင်း ထပ်ပြီးတိုးနိုင်တယ်” ဟု အဆိုပါ ရဲအရာရှိက ဆိုသည်။

ပေါက်ကွဲမှုများမှာ ကြီးမား၍ တုန်ခါသွားအောင်ခံစားခဲ့ရကြောင်း မျက်မြင်သက်သေများက ပြောကြားခဲ့သည်။

အစောပိုင်းသတင်းများအရ ပေါက်ကွဲမှုကြောင့် မိုဂါဒစ်ရှူးမြို့ လက်ထောက်အုပ်ချုပ်ရေးမှူး မိုဟာမက် အဗ္ဗဒူလာဟီ ဒဏ်ရာရရှိခဲ့ပြီး ၎င်း၏ ကိုယ်ရံတော်အချို့ သေဆုံးမှုရှိခဲ့ကြောင်း သိရသည်။

ထို့ပြင် ပေါက်ကွဲမှုအတွင်း Universal Television မှ အကြီးတန်းသတင်းထောက်တစ်ဦး သေဆုံးခဲ့ပြီး ၎င်း၏ လုပ်ဖော်ကိုင်ဖက်များသတင်းကိုမူ မသိရသေးကြောင်း သတင်းများက ဖော်ပြထားသည်။ (Xinhua)

Warning: Undefined array key "slug" in /plesk-data/vhosts/xinhuamyanmar.com/httpdocs/wp-includes/class-wp-theme-json.php on line 2117